May 30, 2022
ပြင်ဦးလွင်၌ ကျင်းပသည့် သတ္တမအကြိမ်မြောက် ကော်ဖီအရည်အသွေး အကဲဖြတ်ပြိုင်ပွဲတွင် ထုတ်လုပ်မှုအမျိုးအစားအလိုက် အဆင့်အမြင့်ဆုံး ကော်ဖီဆုများကို ပင်လောင်း၊ ရွာငံ၊ ဟိုပုန်း၊ ပြင်ဦးလွင်နှင့် နောင်ချိုဒေသများမှ ကော်ဖီလုပ်ငန်းရှင်များက ရရှိသွားကြသည်။ ပြိုင်ပွဲဝင် ကော်ဖီများ၏ အရည်အသွေး အနံ့အရသာတို့ကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုင်စင်ရ ပြည်ပပညာရှင်၊ ပြည်တွင်းပညာရှင်များက မြည်းစမ်းစိစစ်ရွေးချယ်ပေးခဲ့ကြခြင်းဖြစ်ရာ ဆုရကော်ဖီများ၏ အရည်အသွေးများမှာ အဆင့်အမြင့်ဆုံးဖြစ်မည်မှာ ယုံမှားဖွယ်ရာမရှိ သေချာမည်သာဖြစ်သည်။
May 26, 2022
မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း၏ မိဘအုပ်ထိန်းသူများသည် ပူပန်ကြောင့်ကြမှု တစ်စုံတစ်ရာမရှိဘဲ စိတ်ချမ်းမြေ့စွာဖြင့် မိမိတို့၏ ရင်သွေးများအား စတင်ကျောင်းအပ်နေကြပြီ။ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိသော်လည်း မိမိတို့တတ်နိုင်သလို လိုအပ်သမျှကို ဖြည့်ဆည်းပေးကြသည်။ မတတ်နိုင်လျှင်လည်း စိတ်ပျက်အားငယ်စရာမလိုပေ။ လိုရင်းမှာ ပညာတတ်မြောက်ရေးသာဖြစ်သည်။
May 26, 2022
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်သူများ ဖမ်းဆီးခံရသည့်သတင်းများကို ဆက်တိုက်ဆိုသလို တွေ့ရှိနေရသည်။ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော်လမ်းများမှတစ်ဆင့် နည်းလမ်းမျိုးစုံဖြင့် တစ်ဖက်နိုင်ငံသို့ ခိုးဝင်ကြရာမှ ဖမ်းဆီးခံကြရခြင်းဖြစ်သည်။ ထိုင်းသည် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားအများစု သွားရောက်အလုပ်လုပ်ကိုင်သည့် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ၍ ရှိနေသည်။ မြန်မာအလုပ်သမားများအဖို့ ထိုင်းသည် လုပ်ခဆွဲဆောင်မှုရှိခြင်း၊ စရိတ်ကုန်ကျမှုနည်းခြင်း၊ အလွယ်တကူသွားလာနိုင်ခြင်း စသည့်အချက်များကြောင့် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းလည်း ဖြစ်သည်။
May 24, 2022
ဘီစီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရား ပွင့်တော်မူခဲ့သည်။ မြတ်စွာဘုရား ပွင့်တော်မူစဉ်က သက်တော် (၃၅) နှစ် အရွယ်ဖြစ်သည်။ ထိုကာလမှစ၍ (၄၅)ဝါ ကာလပတ်လုံး အေးသည်၊ ပူသည်၊ ပင်ပန်းသည်၊ နွမ်းနယ်သည်၊ မမာမကျန်း ဖြစ်သည်မဟူ သတ္တဝါတို့၏ အကျိုးစီးပွား အတွက် လုံ့လဝီရိယကြီးစွာဖြင့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတို့ကို မနေမနားဟောကြား တော်မူခဲ့သည်။ မြတ်စွာ ဘုရားရှင် ဘဝနောက်ဆုံးအချိန်၌ ဆိတ်ငြိမ်စွာ ဆည်းကပ်နေသော သံဃာတော် များအား -
May 24, 2022
မကြာမီ အခြေခံပညာကျောင်းများ ဖွင့်လှစ်တော့မည်ဖြစ်ရာ “ကျောင်းနေအရွယ်ကလေး အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော တိုက်တွန်းနှိုးဆော်သံနှင့်အတူ မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကလေးများကို ကျောင်းအပ်လက်ခံတော့ မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း အမှုထမ်းများအားလုံး သိရှိ လိုက်နာရမည့်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များကို နိုင်ငံပိုင်သတင်းစာများ အပါအဝင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးထားသည်များကို သေချာစွာဖတ်ရှု၍ မိမိတို့၏ ရင်သွေးငယ်များအကျိုးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်။
May 23, 2022
နိုင်ငံအများတွင် စံနမူနာပြ စံပြမြို့ရွာများ တည်ဆောက်ထားကြသည်။ အထူးသဖြင့် နိုင်ငံများ၏ မြို့တော်များကို မြို့တော်အင်္ဂါရပ်နှင့်အညီ စံနမူနာပြ မြို့တော်ဖြစ်အောင် တည်ဆောက်ကြသည်။ စံနမူနာပြမြို့ဟူသည် တစ်မျိုးကောင်း၊ နှစ်မျိုးကောင်းမဟုတ်ဘဲ မြို့ရွာသာယာလှပမှု၊ မြို့ပြဖွံ့ဖြိုးမှု၊ သန့်ရှင်းသပ်ရပ်မှု၊ လူမှုစီးပွားတိုးတက်မှု အဘက်ဘက်တွင် အခြားမြို့ရွာများထက် ပိုမိုသာလွန် ကောင်းမွန်နေခြင်းဖြစ်သည်။
May 23, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ခြင်းနှင့်အညီ မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ နေ့စဉ် ၁ ရာခိုင်နှုန်း၏အောက်တွင် ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် ရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်၏ နောက်ထပ်မျိုးကွဲသစ်များ ကူးစက်မှုဖြစ်ပေါ်နေသည်ကို သတိပြုကြရမည်ဖြစ်သည်။ ထို့အပြင် အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် နောက်ထပ် ထွက်ပေါ်လာသည့် မျောက်ကျောက် (monkeypox) ရောဂါ၊ ကူးစက်မှုအခြေအနေမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တပ်လှန့်နှိုးဆော်လိုက်ရသည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
May 21, 2022
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထက်တိုင်အောင် အဆုံးမသတ်နိုင်သေးဘဲ ရှိနေသေးသည်။ ၂၀၂၃ ခုနှစ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သို့ ရောက်ရှိလာတော့ မည်ဖြစ်ပြီး ယခု ၂၀၂၂ ခုနှစ်သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သို့ ကျရောက်ခဲ့ပြီးဖြစ်သည်။ ညီညွတ်ရေး၊ လွတ်လပ်ရေးမှတ်တိုင် ဖြစ်သည့် စိန်ရတုကာလတွင် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာ ဝပြောရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
May 21, 2022
နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာမှုများကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်လာရသည်။ နိုင်ငံရေး သွတ်သွင်းထားသော လက်နက်ကိုင်အဖွဲ့အစည်းများ တည်ထောင်၍ စစ်ရေးနည်းလမ်းကို ကျင့်သုံးရာတွင် ပဋိပက္ခ၏ဒဏ်ကို အများဆုံးခံစားကြရ သူများမှာ မငြိမ်းချမ်းသောနယ်မြေများမှ ပြည်သူများက အဓိကဖြစ်သည်။ မငြိမ်းချမ်းခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်အောင် မပြုလုပ်နိုင်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခြင်းတို့မှာ ထပ်ဆင့်ထိခိုက်ဆုံးရှုံးမှုများပင်ဖြစ်သည်။
May 20, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်၏ လူမှုရေးဦးတည်ချက်သုံးရပ်တွင် တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသည့် လူမှုရေးဦးတည်ချက်ပါရှိသည်။
