Skip to main content
May 08, 2022
လူတိုင်း နေ့စဉ်နှင့်အမျှ အမှိုက်စွန့်ပစ်နေကြသည်။ လူနည်းစုကသာ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြပြီး လူအများစုကြီးတို့ကမူ အမှုမဲ့ အမှတ်မဲ့၊ စည်းမဲ့ ကမ်းမဲ့ တော်သလို ရော်သလိုသာ စွန့်ပစ်နေကြခြင်းဖြစ်သည်။ လူတစ်ကိုယ် အမှိုက်တစ်မျိုးသာ ပစ်လျှင်ပင် လူသန်းပေါင်းများစွာတို့က အမှိုက်သန်းပေါင်းများစွာတို့ကို နေ့စဉ် ပစ်နေကြခြင်း ဖြစ်သည့်အတွက် အမှိုက်စွန့်ပစ်မှု စည်းစနစ်ကျမှသာ အမှိုက်သိမ်းသည့် အဖွဲ့အစည်းတို့လည်း အမှိုက်ကိုနိုင်အောင် သိမ်းနိုင်ကြမှာဖြစ်သည်။
May 05, 2022
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူတစ်ဦးသည် နိုင်ငံသားအခွင့်အရေးများရပိုင်ခွင့်ရှိသည်။ နိုင်ငံသား အခွင့်အရေးများရရှိနိုင်ရန် အတွက် နိုင်ငံသားအထောက်အထား တစ်ခုခုတော့ရှိဖို့လိုမည်ဖြစ်သည်။ မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နိုင်ငံသားဆိုင်ရာ အထောက်အထား တစ်မျိုးမျိုးရှိရမည်ဖြစ်သည်။ ထိုအထောက်အထား အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာဌာနက အစဉ်အမြဲပြုလုပ်ပေးလျက်ရှိသည်။
May 05, 2022
မီးဘေးကာကွယ်ရေးအတွက် တပ်ဖွဲ့အသွင် ဖွဲ့စည်းဆောင်ရွက်မှုသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်ကပင် ရှိခဲ့သည်ဟု ဆိုသည်။ မီးလောင်ကျွမ်းသည့်အခါ နိုင်ငံ၏ အရင်း အမြစ်များ ဆုံးရှုံးရသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် ငွေအား၊ လူအား၊ ပစ္စည်းအားတို့ စိုက်ထုတ်သုံးစွဲရသည့်အတွက် မီးဘေးကာကွယ်ရေးကို ရှေးမြန်မာမင်းအဆက်ဆက်တို့ အလေးအနက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ဖွယ်ရှိသည်။ ကိုလိုနီနိုင်ငံဘဝသို့ ကျရောက်ခဲ့ရချိန်တွင်မူ မီးဘေးကာကွယ်ရေးကို စီးပွားရေးအချက်အချာ မြို့များမှလွဲလျှင် မြန်မာလူငယ် အပျော်တမ်း မီးသတ်အဖွဲ့အစည်းများက ဒေသအလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
May 03, 2022
နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊ မိသားစုတစ်စုတွင်လည်းကောင်း ဝင်ငွေနှင့် ထွက်ငွေကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ပို့ကုန်ထက် သွင်းကုန်များနေပါက ဘတ်ဂျက်လိုငွေပြပြီး စီးပွားရေးကျဆင်းမည်ဖြစ်သည်။ သွင်းကုန်ထက် ပို့ကုန်မြင့်မားတိုးတက်ပါက နိုင်ငံ့စီးပွားတိုးတက်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။
May 03, 2022
မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက CRPH, NUG, PDF နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းအားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် အကြမ်းဖက်အုပ်စုများအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြစ်သည်။
May 01, 2022
အရင်းရှင်စနစ်တွင် စက်ယန္တရားများကို အသုံးပြု၍ ကုန်ပစ္စည်းအမြောက်အမြား ထုတ်လုပ်လာ နိုင်သည့် အချိန်မှစ၍ ၁၉ ရာစု စက်မှုအရင်းရှင်နိုင်ငံများတွင် အလုပ်သမား လူတန်းစား ပေါ်ပေါက်လာသည်။ ထိုခေတ်အရင်းရှင်တို့၏ မတော်မတရား ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ကြောင့် အလုပ်ချိန်လျှော့ချရေး၊ လုပ်ခလစာတိုးမြှင့်ပေးရေး အစ ရှိသည့် အလုပ်သမားတို့၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်မှု များသည် အမေရိကနှင့် အနောက်ဥရောပနိုင်ငံများတွင် ၁၉ ရာစုနှစ် အစောပိုင်းမှသည် ၁၉ ရာစုကုန်ပိုင်းအထိ အဆက်မပြတ်ဖြစ်ပေါ်ခဲ့သည်။ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့၏ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ၁၈၈၉ ၌ ကျင်းပခဲ့ရာ အဆိုပါညီလာခံက နှစ်စဉ် မေလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအလုပ်သမား နေ့အဖြစ် သတ်မှတ်ပေးခဲ့သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တို့တွင် အလုပ်သမားနေ့ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီဖြစ်သည်။
Apr 29, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် သာယာဝပြောရေးနှင့် တိုင်းပြည်စားနပ်ရိက္ခာပေါများရေး အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Apr 29, 2022
တရားမဝင်ကုန်သွယ်မှုများက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နှောင့်နှေးစေသည့်အပြင် အရည်အသွေး အာမခံချက်မရှိသော အစားအသောက်၊ ဆေးဝါးနှင့် ကုန်စည်အတုများ စသည်တို့ကြောင့် စားသုံးသူပြည်သူများကိုလည်း နစ်နာဆုံးရှုံးစေသည်။ ထို့ပြင် ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဓာတုကုန်ကြမ်းများ၊ မူးယစ်ဆေးဝါးများ စသည်တို့ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာပါကလည်း နိုင်ငံနှင့် ပြည်သူများအတွက် ကြီးမားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လက်ငင်းလိုအပ်ချက်များမှာ စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လတ်တလောအခြေအနေနှင့် ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရက ရှင်းလင်းပြောကြားထားပြီး ယခုအခါတွင် စားသုံးဆီနှင့်ပတ်သက်သည့် လတ်တလောဖြစ်ပေါ်နေမှုများကို အသိပေးထားသည်။
Apr 27, 2022
ဈေးနှုန်းမြှင့်တင် ဈေးကစားသည့်အလုပ်ကို ဝိသမလောဘသား စီးပွားရေးသမားအချို့က လုပ်လေ့ လုပ်ထရှိသည်။ ပုံမှန်ရောင်းဝယ်၍ ပုံမှန်အကျိုးအမြတ်ရနေခြင်းကို အားမရနိုင်ဘဲ ဈေးကွက် တွင် ဝယ်လိုအားမြင့်လာအောင် လှုပ်ခတ်စေကာ ပုံမှန်ထက် များစွာအမြတ်တင်၍ အချိန်တိုတိုအတွင်း အချီကြီးအပွကြံကြခြင်းဖြစ်သည်။ ဈေးကွက်ကို ချုပ်ကိုင်နိုင်သူ လူလက်တစ်ဆုပ်စာတို့ ခေါင်းချင်းဆိုင်ညှိနှိုင်း တိုင်ပင်ကြကာ တစ်နံနက်စာမျှ ဈေးကစား လိုက်ရုံမျှဖြင့် ၎င်းတို့အဖို့ ဓနဥစ္စာပိုင်ဆိုင်မှုအဆများစွာတိုးပွား နိုင်သည်ဖြစ်ရာ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် စသော အခြေခံ စားသောက်ကုန်လောက၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလောက၊ ဆေးနှင့်ဆေးပစ္စည်း လောကတို့မှ ဝိသမလော ဘသမားတို့၏ ဈေးကစားမှုများစွာကို တွေ့ရလေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါ အပြင်းအထန် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေချိန်တွင် ယင်းရောဂါနှင့် ဆက်စပ်သည့် ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများအပေါ် ဈေးကစားခဲ့မှုများက ဝိသမလောဘသားတို့၏ ကျင့်ဝတ် ကင်းမဲ့မှုသာဓက တစ်ခုပင်ဖြစ်သည်။