Apr 26, 2022
မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ပြည်တွင်း၊ ပြည်ပမှ အမျိုးမျိုးအဖုံဖုံ ဖိအားပေး နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်ကို မလိုလားသော အနောက်နိုင်ငံများက အစိုးရ ဆန့်ကျင်သူများအား ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံအပေါ် ဖိအားအမျိုးမျိုးပေးခြင်းတို့ကို ပြုလုပ်နေကြသည်။
Apr 26, 2022
မငြိမ်းချမ်းက မဖွံ့ဖြိုး၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမည်။ ငြိမ်းချမ်းခြင်း ဟူသည် ပဋိပက္ခတို့မရှိခြင်း၊ မုန်းတီးခြင်းနှင့် ရန်လိုတိုက်ခိုက်မှု တို့ ကင်းစင်ခြင်း၊ စိုးရိမ်ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ကင်းဝေးခြင်း၊ ယုံကြည်စိတ်ချမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် သဟဇာတဖြစ်မှုတို့ ဖြစ်တည် ထွန်းကားခြင်းဟူသည့် လက္ခဏာများ ပေါင်းစပ်ပါဝင်သည်။ ငြိမ်းချမ်းပြီး တည်ငြိမ်သည့် လူမှုအဖွဲ့အစည်းသည်သာ အပေါင်းလက္ခဏာဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာ အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။
Apr 25, 2022
နိုင်ငံတစ်နိုင်ငံတွင် ကိန်းဂဏန်းအချက်အလက် မှန်ကန်ရေးသည် အလွန်အရေးပါသော ကိစ္စဖြစ်သည်။ လုပ်ငန်းကိစ္စ အရာရာတိုင်းတွင် ကိန်းဂဏန်းအချက်အလက် အထောက်အထားများ တိကျမှန်ကန်စွာ ရရှိနိုင်ပါက ထိုလုပ်ငန်း ကိစ္စရပ်များသာမက အစစအရာရာတွင် ပိုမိုအဆင်ပြေ ချောမွေ့မည်ဖြစ်သည်။ ထို့ကြောင့် ကိန်းဂဏန်းအချက်အလက်၊ သုတေသနမှတ်တမ်းများ စနစ်တကျ မှတ်တမ်းတင်ထားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြသည်။
Apr 25, 2022
ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင် ကမ်းနီး ကမ်းဝေး ရေငန် ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည်ထုတ်လုပ် စားသုံးနိုင်ရေးအတွက် အလွန်အကျွံ ဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။
Apr 23, 2022
လူတိုင်းလူတိုင်းအနေဖြင့် ကျန်းမာခြင်းသည် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ မည်သူမဆို မည်သည့်အခြေအနေတွင်ဖြစ်စေ ကျန်းမာစွာ နေထိုင်နိုင်ပါက ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အရာရာကို ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်နိုင်ပေသည်။ မကျန်းမာပါက ငွေကုန်ကြေးကျ များသည့်အပြင် မည်သည့်အရာကိုမျှ လုပ်ကိုင်နိုင်သည့်စွမ်းအား မရှိတော့ပေ။
Apr 23, 2022
တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်ပြီဖြစ်ရာ ငြိမ်းချမ်းရေး ဆန္ဒအမှန်ဖြင့် ရိုးသားပွင့်လင်းစွာ ဆွေးနွေးမှုများမှသည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင်ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး အထိ မျှော်မှန်းနိုင်ကြပြီဖြစ်သည်။
Apr 22, 2022
ကြီးပွားတိုးတက်ခြင်း အကြောင်းတရားတွင် ရေခံမြေခံထက် တီထွင်ကြံဆ မဖြစ်မနေ ကြိုးပမ်းအားထုတ်မှုသည် အဓိကဖြစ်သည်ကို ကမ္ဘာပေါ်တွင် လေ့လာကြည့်နိုင်ပါသည်။ ကြီးပွားတိုးတက်ခြင်းသည် မဖြစ်ဖြစ်အောင် အလုပ်လုပ်နိုင်ခြင်းနှင့် အဓိကသက်ဆိုင်ပေသည်။ ကုန်းတွင်းပိုင်းတွင် ရေသတ္တဝါများ မွေးမြူနိုင်ခြင်း၊ ကန္တာရတွင် သီးနှံသစ်ပင်များ စိုက်ပျိုးနိုင်ခြင်း၊ တွင်းထွက်သယံဇာတ မရှိသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ခြင်း စသည်တို့သည် တီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခြင်းမှ ရရှိလာသော အကျိုးများဖြစ်သည်။
Apr 22, 2022
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစု အစပိုင်းမှစတင်၍ သိသိသာသာ ထင်ရှားလာခဲ့သည်။ ရာသီဥတုပုံမှန်မဟုတ်ဘဲ ပြောင်းလဲဖောက်ပြန်မှုတွင် အပူလှိုင်းများ ကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများမှာ ယခင်ထက် ပိုမို၍ ပြင်းထန်လာကြပြီး ဖြစ်ပေါ်မှု အကြိမ်အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ထိခိုက်ခံစားနေကြရသည့်အနက် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမြင့်မားသည့် နိုင်ငံများတွင် မိမိတို့နိုင်ငံလည်း ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိကာလသည် ပူပြင်းခြောက်သွေ့သော မိုးကြိုကာလဖြစ်ပြီး မကြာမီ ရာသီအကူးအပြောင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိပြု ထားကြရမည်ဖြစ်သည်။
Apr 21, 2022
မြန်မာနိုင်ငံတွင် လူငယ်ဦးရေ အချိုးအစားမြင့်မားသည့်အတွက် “လူဦးရေဆုလာဘ်”ကို ရရှိနေသည်ဟုပင် ဆိုသည်။ လူငယ်ဟု ဆိုရာတွင် အသက်အားဖြင့် ၁၆ နှစ်မှ ၃၅ နှစ်အရွယ်။ ငယ်ရွယ် သူများဖြစ်သောကြောင့် ရုပ်အဆင်းအားဖြင့် နုပျိုသည်။ ခွန်အားကောင်းသည်။ စိတ်အားတက်ကြွသူများဖြစ်သလို စိတ်ကစားသည့် အရွယ်။ အတုမြင်အတတ်သင်သည့် အရွယ်လည်း ဖြစ်သည်။ စင်စစ်လူငယ်ဘဝသည် ၎င်း၏ ဘဝတစ်သက်တာလုံး အတွက်အရေးကြီးသည့် အချိန်အခါအပိုင်းအခြားတစ်ခုဖြစ်သည်။ လူငယ်ဘဝ၏ ကောင်းမှု ဆိုးမှုတို့က ဘဝတစ်ခုလုံးအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်သည်ဟူ၍လည်း ယေဘုယျအားဖြင့် ဆိုနိုင်သည်။
Apr 21, 2022
မျက်မှောက်ကာလတွင် ပြည်သူများကြား၌ စားသုံးဆီ၊ စက်သုံးဆီ၊ ငွေစက္ကူ၊ နိုင်ငံရေး စသည်စသည်ဖြင့် မမှန်မကန် ကောလာဟလသတင်းစကားများ မကြာ မကြာပေါ်ထွက် လာလေ့ရှိသည်။ ထိုအခါ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိလာပြီး အထူးသဖြင့် ကုန်စည်ဈေးနှုန်းများ မတည်ငြိမ်မှုများရှိလာသည်ကို တွေ့ရသည်။ တချို့ကိစ္စများတွင် လတ်တလောအခိုက်အတန့် အခက်အခဲဖြစ်ခဲ့ သည်ကို အကြောင်းပြု၍ ကောလာဟလ သတင်းစကားများ ချဲ့ကားဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုမှုများ ရှိတတ်သည်ကိုလည်း သတိပြုရမည် ဖြစ်သည်။
