Skip to main content

Aug 27, 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းရုံး၌ ရှမ်းပြည်နယ်ရှိ ကော်ဖီ၊ ထောပတ်သီးနှင့် ဒေသစိုက်ပျိုးရေးထုတ်ကုန် ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အထက်ပေါင်းလောင်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ ရေသိုလှောင်ထားရှိမှုနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

၂၀၂၃ခုနှစ်၊ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် အခမ်းအနားတက်ရောက်ရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကိုမှာကြားရာတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိလိုအပ်သော အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ပတ္တမြားဆောင်ရှိ စီးပွားရေးစီမံခန့်ခွဲမှုပညာဌာန၌ ကျင်းပသော အကြိမ် (၂၀)မြောက် အမှုဆောင်အရာရှိများအဆင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (EMBA 20th Batch) အွန်လိုင်းသင်တန်း၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သို့ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများအား အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံ့ဝန်ထမ်းလေ့ကျင့်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနရုံးဝင်းအတွင်း တိရစ္ဆာန်ဆေးကုဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards – IPSASs) (အပိုင်း-၁) သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

မေး။ ။ ပြည်ထောင်စုဝန်ကြီးက ကွမ်ကျိုးခရိုင်ရဲ့တယ်ဟုန် လွတ်လပ်စွာကုန်သွယ်ရေးဇုန်တွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင်တွေရှိပါသလဲ။ ပြီးတော့ တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက် ဘယ်လိုအတွေးအခေါ်တွေ ရှိပါသလဲရှင်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဩဂုတ် ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပသည့် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP)နှင့် အေးရှားဝေါလ်ဆိပ်ကမ်းတို့သို့ ရောက်ရှိပြီး ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှု၊ ဆိပ်ကမ်းအတွင်းနှင့် Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက် စစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ဗဟို အကြံပေးအဖွဲ့ဝင် စောဒယ်နီရယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံ ကိန်း ၂၀၂၀ ဖြင့် MSMEများအား စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေး အစီအစဉ်(၂) ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းတွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

မြန်မာနိုင်ငံ၏စီးပွားရေး တိုးတက်မြင့်မားလာစေရန် ကြိုးပမ်းဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ နိုင်ငံရေးကိုအကြောင်းပြု၍ ဖိအားပေးမှုများနှင့် ဂယက်ရိုက်ခတ်မှုများသည် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ အခက်အခဲနှင့်စိန်ခေါ်မှုများ မည်သို့ရှိသည်ဖြစ်စေ ပြည်တွင်းအင်အား၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2023

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများတွင် ခရီးသွားလုပ်ငန်းက ထိပ်ဆုံးမှပါဝင်သည်။ မြန်မာနိုင်ငံတွင်မူ ယင်းမတိုင်မီကာလ ၂၀၁၈ ခုနှစ်ကပင် ရခိုင်ပြည်နယ် အရေးကိစ္စကိုအကြောင်းပြ၍ ဟန့်တားပိတ်ဆို့မှုများကြောင့် အနောက်နိုင်ငံများမှ ခရီးသွားဧည့်သည်များလာရောက်မှုကို လက်လွှတ်ခဲ့ရပြီး အာရှနှင့်အိမ်နီးချင်းနိုင်ငံများမှ ခရီးသွားများကိုသာ မျှော်ခဲ့ရသည့်အနေအထားရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 26, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်