ပုသိမ် ဒီဇင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ရောင်ပစ်ကွင်းကျေးရွာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။
ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများနှင့်တွေ့ဆုံ ၍ မိုးစပါးရိတ်သိမ်းပြီးစီးမှု၊ နွေစပါးစိုက်ပျိုးမှု အခြေအနေများ မေးမြန်းခဲ့ပြီးဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင် ဆောင်ရွက်နေမှုနှင့် တောင်သူဦးစိုးမင်းအောင်၏ လယ်မြေ ၇ ဒသမ ၃၆ ဧကနှင့် တောင်သူဦးသန်းအောင်၏ လယ်မြေ ၃ ဒသမ ၀၂ ဧကတို့တွင် GW- 11 မျိုးစပါးများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျပေါင်းစပ်၍ စုပေါင်း ကြဲပက်နေမှုများကို ကြည့်ရှုအားပေးကာ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည် ကျောင်းကုန်းမြို့နယ် တံခွန်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၂ - ၂၀၂၃၊ ၂၀၂၃-၂၀၂၄ နှစ်ဆက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် (၁၃၀ပေ x ၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
နိုင်ငံသားစိစစ်ရေးကတ်ပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် တံခွန်တိုင်ကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ (Knowledge Center) တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Bio-graphic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူ ခြင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများထံ ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်သည်ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်ရှိ ဝေမာမြန်မာဆန်စက် လုပ်ငန်း (Wilmar Myanmar Riceland Kyailat Limited) သို့ ရောက်ရှိပြီးဒေသအတွင်းမှထွက်ရှိသည့် စပါးများအား ပိုမိုဝယ်ယူကြိတ်ခွဲနိုင်စေရေး၊ Contrat Farming စနစ်ဖြင့် တောင်သူများဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက် နိုင်စေရေးမှာကြားပြီး ပေါင်းဆန်ကြိတ်ခွဲထုတ်လုပ်နေမှု၊ စပါးအခြောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ သယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းများတွင် ဝန်ချီစက်များထားရှိဆောင်ရွက်ထားရှိမှုနှင့် စပါးခွံလောင်စာသုံးဘွိုင်လာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
