ရန်ကုန် ဒီဇင်ဘာ ၁၈
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံစာဆိုတော် နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂၇၈ဝဝဝဝ၊ ဒေါက်တာတင်ထွန်းဦး-ဒေါက်တာခင်မိုးမိုး (စွယ်စုံမီဒီယာဂရု) မိသားစုက ငွေကျပ် ၁၁ဝဝဝဝဝ၊ ဘဒ္ဒန္တ ရေဝတ(အရှင်ရေဝတ - ရွှေကွမ်းသား) ဓမ္မာလင်္ကာရပရိယတ္တိစာသင် တိုက်တွံတေးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်နှင့် ဒေါက်တာခင်ခင်ရီ (ရှိုင်းဟုပ်ကုမ္ပဏီ)တို့က ငွေကျပ် ၁၀ သိန်းစီ၊ ဦးသိန်းမောင်-ဒေါ်ပါးပါးတို့အား ဦးထိပ်ထား၍ စန္ဒီပရဆေးမိသားစုက ငွေကျပ် ၅၀၄၀၀ဝ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝန်ကြီး ဗိုလ်မှူးချုပ်စည်သူ တင်ဖေ(ငြိမ်း)-စာရေးဆရာမကြီး မမြတ်လေးတို့အားရည်စူး၍ မြတ်လေးရုံမိသားစုနှင့် စာရေးဆရာ ရာမညကိုကိုနိုင်အားရည်စူး၍ မြေးဖြစ်သူ စာရေးဆရာမ လင်းလက်စန္ဒာတို့က ငွေကျပ်သုံးသိန်းစီ၊ ဝဏ္ဏကျော်ထင်ဒေါက်တာချစ်-ဒေါ်ကြည်ကြည်ညွန့် မိသားစု၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ဦးလူမော်မြင့်အောင်-ဒေါ်မော်မော်တင့်(ဆန်ဆိုင်)မိသားစုတို့က ငွေကျပ်နှစ်သိန်းစီ၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) မိသားစု၊ ဦးညွန့်လှိုင် (မောင်မောင်ညွန့်လှိုင်) မိသားစု၊ ဦးအောင်မြတ်ကျော် (မဟိဒ္ဓိဆေးတိုက်)၊ ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာယဉ်ဝေလွင် (ပြည်)၊ ပုသိမ် မြို့နယ်စာရေးဆရာအသင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်စာရေး ဆရာအသင်း၊ ဒုတိယဗိုလ်မှူးကြီးမြင့်ကျော် (ငြိမ်း) (မှူးကျော်-ပန်းတနော်)၊ မီမီကို(အလှရပ်ဝန်း)၊ စာရေးဆရာ နိုင်မျိုးသစ္စာ (နမ္မတူ)၊ စာချစ်သူလေးခင်(တော်ဝင်ပန်း) တောင်ဥက္ကလာပမြို့နယ်နှင့် စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့တို့က ငွေကျပ်တစ်သိန်းစီ၊ ဓနုဖြူမြို့နယ်စာရေးဆရာအသင်းက ငွေကျပ် ၈၀၀၀ဝ၊ မြစ်သား မြို့နယ်စာရေးဆရာအသင်းက ငွေကျပ် ၇ဝဝဝဝ၊ ရွှေထုံခင်သီတာလှိုင် (သထုံမြို့) မွန်ပြည်နယ်၊ ကလေးဝမြို့နယ်စာရေးဆရာအသင်း၊ စာရေးဆရာ လုလင်မှော်ဝန်းမြေ-ဒေါ်အေးအေးဝင်း၊ ဦးညွန့်တင် (မောင်ငြိမ်း သူ-ကြို့ပင်ကောက်)၊ ဦးအောင်ကြည် (အောင်ကြည်ညွန့် -တက္ကသိုလ်)နှင့် ဒေါ်မြမြ(မြင်းခြံမြသိင်္ဂီ)ရန်ကင်းမြို့နယ်တို့က ငွေကျပ်ငါးသောင်းစီ၊ ဦးမြင့်ဦး (မြင့်မိုရ်ဦး-ပဲခူး) - ဒေါ်အေးအေးခိုင်၊ သား-ကိုကိုခန့်ပဲခူးမြို့နယ်၊ မြိတ်မြို့နယ်စာရေးဆရာအသင်း၊ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းနှင့် တောင်ကြီးမြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်သုံးသောင်းစီ၊ စာချစ်သူဇမ္ဗူမြိုင်(ဦးစံမြိုင်)က ငွေကျပ်တစ်သောင်း၊ ဆရာမကြီး ပါရဂူဒေါက်တာဒေါ်ကြည်ကြည်စိန်က ငွေကျပ် ၃၈ဝဝဝဝ တန်ဖိုးရှိ ပြက္ခဒိန်များနှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးတင့်က ငွေကျပ်သုံးသိန်း တန်ဖိုးရှိ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင် ကောက်)၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး)နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်)တို့က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားသည်။
အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် ၁၇၃/၁၇၅ ပန်းဆိုးတန်းလမ်းကျောက်တံတားမြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်
