Skip to main content

ဒီပဲယင်းမြို့နယ်၊ အောင်ချမ်းသာရွာကို တပ်မတော်က မီးရှို့ဖျက်ဆီးဟု မဟုတ်မမှန်သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း အောင်ချမ်းသာကျေးရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းတွင် တပ်မတော်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများသည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်မှုမရှိ ကြောင်းနှင့် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ မဟုတ်မမှန် ကောလာဟလသတင်းတုသတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။