Oct 16, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့မွန်းတည့် ၁၂ နာရီတွင် လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr.J.M.J.P Bandara အား မွန်းလွဲ ၂ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
Oct 16, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန အရာထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 16, 2023
ပြေးခုန်ပစ်အားကစားနည်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြေးခုန်ပစ်နည်းပြဆရာကောင်းများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေး အစီအစဉ်ဖြင့်ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
Oct 16, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC II) ၌ ကျင်းပခဲ့ရာ အခမ်းအနားတက်ရောက်လာကြသူများ၏ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်းသည့် စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။
Oct 16, 2023
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့ရှိ ယမုံနာဦးဟိုတယ်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Oct 16, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများသို့ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂိုဒေါင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်များအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
Oct 16, 2023
အောက်တိုဘာ ၈ ရက် နံနက်ပိုင်းမှစတင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေနစ်မြုပ်မှုကြောင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရသည်။
Oct 16, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အဖွဲ့ဝင်များ၊ ကရင်တိုင်းရင်းသားခေါင်းဆောင်ကြီး စောမူတူးစေးဖိုးနှင့်တကွ တိုင်းရင်းသားကိုယ်စားလှယ်များ၊ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ လူထုလူတန်းစားအသီးသီးမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
Oct 16, 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန၏ ဖိတ်ကြားမှုအရ စိန့်ပီတာစဘတ်မြို့တွင် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိကျင်းပမည့် “တတိယ အကြိမ် World Construction Championship”သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ သွားသည်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC – II)၌ ကျင်းပခဲ့ရာ NCA၏ အနှစ်သာရနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပပြုလုပ်သည်။
Oct 16, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Mongkol Visitst-ump ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 16, 2023
မြန်မာနိုင်ငံက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပခြင်းအတွက် လှိုက်လှဲစွာဂုဏ်ပြုအပ်ပါသည်။
Oct 16, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ နိုင်ငံရေးအဓိပ္ပာယ်အနှစ်သာရရှိစွာဖြင့် ခမ်းနားထည်ဝါဂုဏ်ယူဖွယ်ရာ ကျင်းပခဲ့သည်။ NCA သည် တိုင်းရင်းသားပြည်သူများမျှော်လင့်ချက်၊ ပြည်ထောင်စုကြီးရည်မှန်းချက်၏ ကနဦးအချက်ဖြစ်သည်။
Oct 16, 2023
ကမ္ဘာ့မြေပုံတွင် ကြည့်ပါက မြန်မာနိုင်ငံကို အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေးတစ်နိုင်ငံအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံအဖြစ်တည်ရှိနေခြင်းဖြစ်သည့်အတွက် ပိုင်နက်နယ်နိမိတ်၊ လူဦးရေ၊ အစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်းဟူသော နိုင်ငံတစ်နိုင်ငံတွင် ရှိရမည့် ဥပဓိရုပ်လေးပါးနှင့် ပြည့်စုံပါ၏။ သို့သော် နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝသို့ နှစ်ပေါင်း ၁၀၀ကျော် ကျရောက်ခဲ့ရာမှ ရရှိခဲ့သည့် ကျွန်ဘဝ၏ ဒဏ်ရာဒဏ်ချက်များက နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်လာသည့်တိုင် ကုစား၍ မရနိုင်သေး။
