Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မိုးမခပန်း

မိုးမခပန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်းမှာ ဆောင်းရာသီတွင် အထွက်များသော်လည်း နေရောင်ခြည်ကို အလုံအလောက်ရရှိရန် လိုအပ်သော အပင်တစ်မျိုးဖြစ်သည်။ မိုးမခပန်းမှာ အမျိုးအစားနှင့်အရောင်အသွေးတို့ စုံလင်ပြီး အရမ်းလှပသော ပန်းပင်ဖြစ်သည်။ မိုးမခပန်း၏အရောင်မှာ အနီရောင်ရှိ၍ အပွင့်သေးပြီး အစုံလိုက်ပွင့်သောကြောင့် ပတ္တမြားပန်းဟု ခေါ်ဆိုရလောက်အောင်လှပသည်။ ရိုးတံမှာအစိမ်းရောင်၊ အရွက်ဝိုင်းဝိုင်းထူထူလေးဖြစ်ပြီး အမြစ်လည်းပါရှိသောကြောင့် မိုးမခပန်းစိုက်ပျိုးသည့် တောင်သူတို့အတွက် အရွက်မှတစ်ဆင့် အပင်ပွား၍ စိုက်ပျိုးရသောကြောင့် စိုက်ပျိုးရလွယ်ကူပါသည်။ အပင်တစ်ပင်မှ တစ်ဆယ့်ငါးပင်/အပင်သုံးဆယ်ထိ ပွားနိုင်သောကြောင့် ပန်းစိုက်တောင်သူတို့အတွက် တွက်ခြေကိုက်ပြီး စီးပွားဖြစ်စိုက်ရန် အသင့်တော်ဆုံးသောပန်းပင်ဖြစ်သည်။ မိုးမခပန်းသည့် ဘုရားပန်းအဖြစ်သာမက လာဘ်ပွင့်စေသည်ဟူသည့်အယူအဆနဲ့ အိမ်တွင်လည်း အလှစိုက်ပျိုးနိုင်သည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် တစ်ပင်လျှင်(၂၅၀၀)ကျပ်မှ (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA (ရှမ်း)