Skip to main content

Oct 20, 2023

ဦးလွင်မြင့် ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်နှစ်တစ်ကြိမ်နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ “အဆို၊ အက၊ အရေး၊ အတီး” ပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ “ခေတ်အဆက်ဆက် ယဉ်ကျေးမှု၏ တေးဂီတပဲ့တင်သံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ဆွေးနွေးပွဲကို စလိုက်ကြရအောင်ပါ။ ရွှေကူနန်းနွဲ့နွဲ့။ ။ ကောင်းတာပေါ့ဆရာ။ ဆရာတို့၊ ကျွန်မတို့ အသက်အရွယ်အရ နောက်လူတွေကို ကျွန်မတို့ ဆည်းပူးခဲ့သမျှ၊ သိထားတတ်ထားတာလေးတွေကို မှတ်တမ်း အဖြစ်ထားခဲ့ဖို့ တာဝန်ရှိပါတယ်ဆရာ။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်း (Interna-tional Schools)များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပရာနေပြည်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ခန့်အပ်တာဝန် ပေးအပ်ခံရသည့် သစ်လွင်သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr.Grigoriev Evgeny Dmitrievich ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မြို့တော်ခန်းမရှိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက် ညနေပိုင်းတွင် ExpoForum Exhibition and Convention Center ၌ ကျင်းပသည့် “တတိယ အကြိမ် World Construction Championship” ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် တာဝန်ရှိသူများသည် Thai Business Association of Myanmar (TBAM) မှ ဥက္ကဋ္ဌ Mr. Nuttaphong Visitkitchakarn ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတက်ရောက်ပြီး အခမ်းအနားများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

၁။ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးများ ရိတ်သိမ်းကြရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက် (Combine Harvester)များ အသုံးပြုပြီးရိတ်သိမ်းခြွေလှေ့ခြင်းဖြင့် (က)အချိန်ကုန်သက်သာခြင်း (ခ)အလေ အလွင့်နည်းပါးခြင်း (ဂ)ဆန်အရည်အသွေးကောင်းမွန်ခြင်း (ဃ)လူလုပ်အားအစားထိုးနိုင်ခြင်း၊ (င)စီးပွားရေးတွက်ခြေကိုက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးရေလယ် ဗိုလ်တဲတွင် အင်းလေးရိုးရာ လှေပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲ စည်ကားသိုက်မြိုက် စွာ ယှဉ်ပြိုင်နေမှုကို ကြည့်ရှု အားပေးကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ပြည့်တန်ဆာလုပ်ငန်းသို့ ပို့ဆောင်ကာ ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

သီတင်းကျွတ်ပွဲ‌တော်ကာလအတွင်း ပြေးဆွဲရာတွင် ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည် အထူးရထားများကို ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ အောင်သုခကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စုနှင့် ပုဇွန်ဆိပ်ကျေးရွာအုပ်စု၊ ဆင်ဖြူရှင်ရပ်ကွက်၊ နဝဒေးရပ်ကွက်၊ တပင်ရွှေထီးရပ်ကွက်၊ ဇေယျာဒီပရပ်ကွက်နှင့် သပြေစမ်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

​​​​​​​ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ အပြီးသတ်အခမ်းအနားတစ်ခုကို စက်တင်ဘာလကုန်က ကမ္ဘောဒီးယားနိုင်ငံ စီဟာနုပြည်နယ် ဆိုခါ၌ ကျင်းပခဲ့သည်။ “Shared River, Shared future and the role of Journalist” အစီအစဉ်ကို ၂၀၂၂ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ တစ်နှစ်တာအတွင်း မဲခေါင်-လန်ချန်းဒေသအတွင်းရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ သတင်းစာဆရာများအား လေးကြိမ်တိတိ သတင်းနှင့် စာနယ်ဇင်းအတတ်ပညာများ ဖြန့်ဝေပေးနိုင်ခဲ့ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်းမြို့နယ် ပုံခက် (၅)မိုင်ကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းရယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသောလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ စွန်တောင်းကျေးရွာသို့ ဆက်သွယ်ထားသော VDP ကွန်ကရစ်လမ်းဖောက်လုပ်ပေးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Amara ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 20, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Digital Payment Switch (Myanmar Pay) ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ လမ်းညွှန်ဆုံးဖြတ်ပေးရမည့်အချက်များနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်