Skip to main content

နေပြည်တော်ကိုကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄ဝဝဝခန့် ပြင်ဆင်ထားဟု သတင်းတု သတင်းမှားများ ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၂၅

စစ်ကောင်စီသည် နေပြည်တော်သို့ တပ်အင်အား ၁၄၀၀၀ ရွှေ့ပြောင်းပြီး ၎င်းတို့၏ဌာနချုပ်ကို တစ်နိုင်ငံလုံးရှိ ထိုးစစ်မှကာကွယ်ရန် ပြင်ဆင်နေကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သတင်းမှားများသာဖြစ်ကြောင်း သိရှိရသည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ကြံဇာတ်လမ်းဆင်ပြီး ဝါဒဖြန့်ချိဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သိရှိရသည်။