Skip to main content

ဒီဇင်ဘာမှာ စစ်သင်တန်းစတက်ရမှာဖြစ်ပြီး Non CDM တွေထွက်မပြေးနိုင်အောင် စစ်ကောင်စီက တင်းကြပ်ထားဟု သတင်းတု သတင်းမှားများ ဖြန့်ဝေ

နေပြည်တော် နိုဝင်ဘာ ၂၅

နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသား Non CDM များကို အကြမ်းဖက်စစ်ကောင်စီက ကိုယ်အလေးချိန်နှင့် အရပ်တိုင်းပြီး ရှေ့တန်းလွှတ်ရန်အတွက် စစ်သင်တန်းပေးရန် စာရင်းစတင်ကောက်ယူနေတယ်လို့ ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ နေပြည်တော်မှာ တာဝန်ထမ်းဆောင်လျက်ရှိသည့် တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ မဟုတ်မှန်ကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ကျရာဌာနများမှာ ပုံမှန်အတိုင်း ထမ်းဆောင်လျက်ရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် လုပ်ကြံသတင်းများကို ရေသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။