Skip to main content

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သန်လျင်ရေတပ်မှ တပ်ဖွဲ့ဝင်များက လက်နက်များယူဆောင်၍ ထွက်ပြေးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ သန်လျင်ရေတပ်စခန်းဌာနချုပ်မှ တပ်ဖွဲ့ဝင် ၁၇ ဦးက လက်နက်အချို့ယူဆောင်ပြီး တပ်မှထွက်ပြေးသွားကြောင်း ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ တပ်ဖွဲ့ဝင် ၁၇ ဦး တပ်မှထွက်ပြေးခြင်းမရှိကြောင်း တပ်တွင်းအခိုင်အမာသတင်းများအရ သိရှိရပြီး ပြည်ဖျက်မီဒီယာအချို့က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည့် လုပ်ကြံသတင်းများသာဖြစ်ပြီး နိုင်ငံတော်တာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်လာစေရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်ပြားစေရန် ဝါဒဖြန့်ရေးသားမှုသက်သက်သာဖြစ်ကြောင်း သတင်းရရှိပါသည်။