Skip to main content

ပဲခူးတိုင်းတိုင်းဒေသကြီး အရှေ့ခြမ်းရွာအချို့တွင် ပြည်သူ့စစ်အတွက် တအိမ်ထောင် ၂ဝဝဝ ကျပ် ကောက်နေကြောင်း မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာလ ၂၅

ပဲခူးတိုင်းဒေသကြီး၊ အရှေ့ခြမ်းရှိ ကျေးရွာတချို့မှာ နိုဝင်ဘာလ ၂၄ ရက်နေ့ညပိုင်းက ပြည်သူ့စစ်ထာက်ပံ့ကြေးအတွက်ဆိုပြီး တစ်အိမ်ထောင်လျှင် ၂၀၀၀ ကျပ်ထည့်ရန် အုပ်ချုပ်ရေးအဖွဲ့များမှ အသံချဲ့စက်နဲ့အသိပေးခဲ့ပြီး မဖြစ်မနေထည့်ဝင်ရမယ်ဆိုပြီး ခြိမ်းခြောက်သွားကြောင်း၊ ဒေသခံများကို နည်းလမ်းမျိုးစုံဖြင့် ငွေကြေးရယူမှုတွေမကြာခဏလုပ်နေကြောင်း၊ ကဝမြို့ဒေသခံများမှ ပြောကြားချက်အရ သိရှိရတယ်လို့ မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးမှ “လုပ်ကြံသတင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများ၏ ရိုးသားသည့် စိတ်ဓာတ်ကိုအခြေခံအသုံးချပြီး အထင်အမြင်လွှဲမှားမှုဖြစ်စေရန်ရည်ရွယ်၍ သတင်းတု ထုတ်လွှင့်ခြင်းသာဖြစ်ကြောင်း” ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်မှုအားပေးပြည်ဖျက်မီဒီယာအချို့သည့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများအား နည်းလမ်းမျိုးစုံအသုံးပြု၍ ဖြန့်ဝေရေးသားလျက်ရှိပြီး အများပြည်သူများ စိုးရွံထိတ်လန့်ပူပန်မှုများ ဖြစ်ပေါ်စေရန်နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေသူများအပေါ် ကြောက်ရွံ့မုန်းတီးပြီး အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်လျက် သတင်းတု၊ သတင်းအမှားများ ဖန်တီးရေးသားလျက်ရှိကြောင်း သတင်းရရှိပါသည်။