တရုတ်ပြည့်သူ့သမ္မတနိုင်ငံအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ် - မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကိုအကြောင်းကြားလာပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံရဲ့မူဝါဒအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်မှာရပ်တည်လျက်ရှိပြီးတော့ မြန်မာ့တပ်မတော်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကို အမြဲတမ်းလက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း အကြောင်းကြားလာပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်ကိုလိုက်နာပြီး နေထိုင်ဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တပ်မတော်ရေရဲ့ ရေတပ်စစ်သင်္ဘောများလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မကြာခင်မှာလာရောက်လည်ပတ်ဖို့ရှိပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံတပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်မှုက ခိုင်မြဲလျက်ရှိကြောင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ တည်ဆောက်လျက်ရှိကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
