ကျောက်တန်း နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်း သီးနှံပဲတီစိမ်း GAP နည်းစနစ်ဖြင့် ဧက ၂၀၀ စိုက်ပျိုးမည့် ကျုံကန်ကျေးရွာမှ တောင်သူဦးကြီးများအား သွင်းအားစုသဘာဝမြေဩဇာရွက်ဖျန်းဆေးနှင့် တမာပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျောက်တန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးထွန်းဝင်းလတ်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးခင်ဝင်းတို့ တက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးသန့်က GAP နည်းစနစ်တွင် တောင်သူများ လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
တင်ဝင်းဝင်
