Skip to main content

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာ

နေပြည်တော်   နိုဝင်ဘာ   ၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့သည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့်  ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးက ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ထို့ပြင် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် တရုတ်စစ်ရေယာဉ်များပေါ်သို့ တက်ရောက်လေ့လာခဲ့ကြောင်းနှင့် တရုတ်စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအနေဖြင့် ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး သွားရောက်လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။