Dec 05, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ယနေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို တစ်ပြိုင်တည်းဆောင်ရွက်ခဲ့သည်။
Dec 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) ၏ တည်မြဲလုပ်ထုံးလုပ်နည်းများ (SOP) ရေးဆွဲရေးနှင့် စပ်လျဉ်းသော ဒုတိယအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ (CPU) အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Dec 05, 2023
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ ပြည်သူ့ဆေးရုံနှင့် လက်ပံပြားတိုက်နယ်ဆေးရုံတို့သို့ ရောက်ရှိပြီး လူနာများအား အားပေးစကားပြောကြားကာ စမ်းသပ်ကြည့်ရှု၍ ဆေးကုသမှုဆိုင်ရာ အကြံပြုပြီး ဆေးရုံအတွင်း၊ အပြင် လှည့်လည်ကြည့်ရှုကာ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ တိုက်နယ်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Dec 05, 2023
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ နေပြည်တော်ဟိုတယ်ဇုန်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ ဆရာဖြစ် (TOT) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရိဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Dec 05, 2023
အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် ကျင်းပသည်။
Dec 05, 2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)
Dec 05, 2023
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟိုချီမင်းမြို့၌ နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 7th World Vovinam Championships ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ည ၁၀ နာရီ မိနစ် ၅၀ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိကြသည်။
Dec 05, 2023
ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းသည် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ခုခံကျ/ ကာလသား ရောဂါတိုက်ဖျက်ရေး အဖွဲ့များ၊ ပြည်တွင်း/ ပြည်ပမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန- ၂ (MICC-2) ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ၏ အကြိုလှုပ်ရှားမှုဖြစ်သော HIV Harm Reduction Workshop အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
Dec 05, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုတိုင်း (၁)၊ စက်မှုလုပ်ခွင် သင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စက်ယန္တရား သုံးစွဲခြင်းဆိုင်ရာ ကျွမ်းကျင်ထက်မြက်သော စက်ပြင်များနှင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်သော စက်မောင်းများ သင်ကြားလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကြီးကြပ် သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်မွမ်းမံသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှာကြားသည်။
Dec 05, 2023
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Com-mittee of the Red Cross-ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ် (၄၁) ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံသည်။
Dec 05, 2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၃၀ ရက်က ကျင်းပသည်။
Dec 05, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် ဗုဒ္ဓဂယာမဟာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာမြို့ ဗုဒ္ဓဂယာ မြန်မာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စစ်သံမှူး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဗုဒ္ဓဂယာဘုရားဖူးခရီးသည်များ တက်ရောက်ကြပြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
Dec 05, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Dec 05, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
Dec 05, 2023
ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်နေပြည်သူများ၏ အဓိကဝင်ငွေဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စုပေါင်း၍ ငွေကြေးစုဆောင်းခြင်း၊ ငွေကြေးစီမံ ခန့်ခွဲခြင်း၊ ငွေကြေးအရင်းအနှီး လှည့်ပတ်သုံးစွဲခြင်းတို့ကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း ပြောင်းလဲတိုးတက်လာစေရန် ကိုရီးယားနိုင်ငံ ဆယ်မာအူးလ်ဂွန်ဂိုအဖွဲ့ချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ မြန်မာဆယ်မာအူးလ်ဂွန်ဂို (ကျေးရွာငွေတိုက်) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
Dec 05, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၂၆-၁၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၁၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၃,၆၅၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိပါ။
Dec 05, 2023
“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်
Dec 05, 2023
တရားမအထူးအယူခံမှု (၅) မှု စီရင်ချက်ချမှတ် ရာဇဝတ်အထူးအယူခံမှု (၇)မှု ကို ရုံးထိုင်ကြားနာ
Dec 05, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
