နေပြည်တော် ဒီဇင်ဘာ ၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့ တွင် ပညာသင်ကြားလျက်ရှိသည့် တိုင်းစစ်ဌာနချုပ်စခန်းရုံးမှ ကျောင်းသား၊ ကျောင်းသူ ၃၂၇ ဦးအတွက် ဒုတိယအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်
