Skip to main content

Dec 24, 2023

ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုအများဆုံးရရှိရာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပျက်စီးစေမည့် ကပ်ပါးပင်များအား ရှင်းလင်းမှုလုပ်ဆောင်နေရာ ပထမအဆင့်အနေဖြင့် ရာခိုင်နှုန်းအတော်များများ ပြီးစီးနေပြီဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် ၆ နှင့် အီဟန်းရပ်ကွက် ၉ တို့တွင် ယနေ့နံနက်ပိုင်း၌ တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးသုံးဦးနှင့် လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာတွင် တရားမဝင် ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media က လုပ်ကြံရေးသားနေသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

မိမိတို့ ယနေ့ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေခြင်းသည် မိမိတို့၏ သားစဉ် မြေးဆက်လူငယ်များအတွက် တည်ငြိမ်သည့်အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အဆင့်မီ နိုင်ငံတစ်ခုဖြစ်အောင် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် အမျိုးသားရေးတာဝန်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ကိုယ်ကျိုးစီးပွား အတွက်၊ တစ်ဦးတစ်ယောက် နာမည်ကောင်းရရန်အတွက် ဖော်ဆောင်နေခြင်း မဟုတ်ပေ။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၏ စီးပွားရေးကဏ္ဍ အချက်(၃)ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဟု မူဝါဒထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ သို့ဖြစ်ရာ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ရှိ အောင်မြင်နေသော MSME လုပ်ငန်းတစ်ခုဖြစ်သည့် “ရွှေယာမြေပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနား၌ နိုင်ငံတော်သံစုံတီးဝိုင်းမှ ဖျော်ဖြေတင်ဆက်မည့်အစီအစဉ် ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

​​​​​​​မြန်မာ့တိုင်းရင်းဆေးပညာသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် မြန်မာ့အမွေအနှစ်ဖြစ်သည်။ သမိုင်းစဉ်တစ်လျှောက် ဖြစ်ထွန်းတည်တံ့ခဲ့သည့် အမျိုးသားဆေးပညာဖြစ်သည်။ မြန်မာလူမျိုးတို့အား ခေတ်အဆက်ဆက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် တိုင်းရင်းဆေးပညာဖြစ်သည်။ မြန်မာတို့သည် မြန်မာတိုင်းရင်းဆေးများကို အားကိုးအားထားပြုပြီး ကျန်းမာစွာရှင်သန်နေထိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 24, 2023

​​​​​​​ယခုကဲ့သို့သော ခရစ္စမတ်အခါသမယသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် အေးချမ်းသာယာမှုနှင့်အတူ ပျော်ရွှင်မှုများ၊ လူသားအချင်းချင်း အပြန်အလှန်မေတ္တာတရားပြသမှုများဖြင့် မကြာမီကျရောက် လာမည့် နှစ်သစ်ကူးကာလအထိ စိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ်တို့ကို ဖြတ်သန်းကြချိန်ဖြစ်သည်။ စစ်ပူနေသည့်နိုင်ငံများ၊ မငြိမ်းချမ်းသည့် အရပ်ဒေသများတွင်မူ ယင်းသို့သော ချမ်းမြေ့ကြည်နူး ဖွယ်ရာများနှင့် ဆန့်ကျင်စွာတုန်လှုပ်ချောက်ချားမှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကသာ လွှမ်းမိုးနေမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

(၇၆) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံ‌တော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ယနေ့တွင် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ အား ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချူပ်ကြီးစိုးမင်းဦးက လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံလုပ်သား အမျိုသား ၅ ဦးကို လာရောက်ဖမ်းဆီးသွားသည် ဟု Than Lwin Times လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့တွင် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲမှုများကို ဖော်ပြအပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Dec 23, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေကျပ် သိန်း ၁ဝဝ ၊ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ် ၂၅ သိန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီနှင့် Nation Light ကုမ္ပဏီလီမိတက်တို့က ငွေကျပ် ၁၀ သိန်းစီ၊ သံအမတ် ကြီးဒေါက်တာလှမောင် (ဖောင်ဒေးရှင်း) က ငွေကျပ် ၇ဝဝဝဝဝ နှင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ကျန်မာရေးစစ်ဆေးခွင့်ကတ်အခု ၂၀၊ အမျိုးသားစာပေတစ်သက်တာဆုရ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) + ဒေါ်ခင်အေးမူမိသားစုက ငွေကျပ်နှစ်သိန်း၊ ဆရာမကြီးဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်) သား-ထင်လင်းကျော်၊ သမီး-နန့်ချစ်ကြည်နှင့် ဦးဇော်အောင်ချို (မိုးစွန်ကြယ်စာပေ) တို့က ငွေကျပ် တစ်သိန်းစီ၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) -ယဉ်မွှေးပန်း (ဟဲဟိုး) ၊ ဦးနိုင်လင်းထွန်း- စာရေးဆရာမ မြတ်နိုးရှင်း၊ ဒေါက်တာ သိန်းဝင်း (မြသာဝင်း) ၊ ဆရာရေနံ့သာမောင်ကျော်ညွန့်၊ အလုံမြို့နယ် စာရေးဆရာအသင်း၊ ဟင်္သာတမြို့နယ်စာရေးဆရာအသင်းနှင့် ရေကြည်မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ စမ်းချောင်းမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်သုံးသောင်း၊ သဉ္ဇာလှိုင် (လားရှိုး) က ငွေကျပ်တစ်သောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) ၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) ၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးအောင် သန်းဦး (ပုသိမ်အောင်သန်းဦး) နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်