ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေဗိမာန်စာမူဆု၊ ဘာသာပြန်စာပေ၊ ပထမဆုရ “ဇွဲ” ရေးသားသည့် “ပင်လယ်ပျော်နှင့် လက်ရွေးစင်ဝတ္ထုတိုများမှ ကောက်နှုတ်သော ဝတ္ထုတိုသုံးပုဒ်” စာအုပ်ကို ၂ဝ၂၄ ခုနှစ် မေလ အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ စာတိုက်မှတစ်ဆင့် ပေးပို့လျက်ရှိပါသည်။
စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်းအမှတ် (၅၂၉/၅၃၁)ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်