Dec 23, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 23, 2023
အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ကြောင်း ကြေညာ
Dec 23, 2023
လူငယ်နှင့်စာပေအနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် နောက်ဆုံးနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေးကြသည်။
Dec 23, 2023
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Dec 23, 2023
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၀) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) မြဝတီခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းမင်းစိုးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။
Dec 23, 2023
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 23, 2023
တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
Dec 23, 2023
နိုင်ငံသားတိုင်း အထွတ်အမြတ်ထားရသည့် လွတ်လပ်ရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများကို သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊ စာပေနှင့် အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူအဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို နေပြည်တော်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
Dec 23, 2023
မိမိတို့နိုင်ငံအဖို့ စက်သုံးဆီသည် ပြည်ပမှတင်သွင်းနေရသည့် အရေးကြီးကုန်စည်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အခြေအနေ စသည်တို့ပေါ်တွင် မူတည်၍ စက်သုံးဆီဈေးနှုန်း အတက်အကျများက ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံများဆီသို့ ဆက်လက်ရိုက်ခတ်ပြီး ပြည်တွင်း၌လည်း စက်သုံးဆီဈေးနှုန်းအတက်အကျတို့ ဖြစ်ပေါ်သည်။ မည်သို့ပင်ဖြစ်စေကာမူ နိုင်ငံတွင် မရှိမဖြစ်သုံးစွဲနေရသည့် ပစ္စည်းဖြစ်သည့်အလျောက် ပြတ်လပ်မှုမဖြစ်စေရန် စီမံဆောင်ရွက်ထားရသည်။
Dec 22, 2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကုက္ကိုရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့က အကြမ်းဖက်သောင်းကျန်းသူများမှ ၄၀ မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Dec 22, 2023
မန္တလေးမြို့၊ နန်းတွင်း (နန်းမြို့) ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အကြမ်းဖက်သမားများမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းမှူး၊ ဒုတိုင်းမှူးနေအိမ်များနှင့် စစ်သည်အမျိုးသမီးအဆောင်ကို ထိမှန်ခဲ့ပြီး စစ်တပ်ဘက်မှ ရာထူးကြီးအဆင့် ၁ ဦး သေဆုံးခဲ့သည်ဟု အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က မဟုတ်မမှန် ကောလာဟလ သတင်းတု သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 22, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 22, 2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့(ဒုတိယနေ့)တွင် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲမှုများကို ဖော်ပြအပ်ပါသည်-
Dec 22, 2023
တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းပြည်ပရှိ ဆက်စပ်နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် အစွမ်းထက်တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန်၊ ပြည်သူလူထု၏ ကျန်းမာရေးကို ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေးပညာရှင်များဖြစ်လာစေရေး လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်သူလူထု၏ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်စွာ စောင့်ရှောက်မှုပေးရန်ရည်ရွယ်၍ (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့ဒီဇင်ဘာ (၂၁) ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပခဲ့သည်။
Dec 22, 2023
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် တစ်လပျမ်းမျှဝင်ငွေ ယန်း၂၀၀၀၀၀ ရှိသူက လစဉ်ဝင်ငွေခွန် ယန်း၂၀၀၀ နှင့်ယန်း ၂၀၀၀၀၀ အောက်လျော့နည်းသူက လစဉ်ဝင်ငွေခွန် ယန်း ၁၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
Dec 22, 2023
“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့ အသိပညာမြှင့်တင်စို့” ဟူသည့်ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်အတွက် အားကိုးအားထားရမည့် အနာဂတ်မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်သည့်လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ရည်ရွယ်ကာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်(ဒုတိယနေ့)ကို ယနေ့ဆက်လက်ကျင်းပသည်။ ဒီဇင်ဘာ ၂၂ ရက်အထိ ဆက်လက်ကျင်းပမည့် အဆိုပါပွဲတော်သို့ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကျောင်းများအလိုက် ခင်းကျင်းပြသထားသည့်ပြခန်းများမှ တာဝန်ရှိသူများနှင့်ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ကျောင်းသားလူငယ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-
Dec 22, 2023
နေပြည်တော်ကောင်စီနယ်မြေတွင် ဖွင့်လှစ်လျက်ရှိသည့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာအထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းပညာ သင်ကြားပို့ချပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
Dec 22, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ် စီမံကိန်းဦးစီးရုံးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန သင်တန်းကျောင်းသို့ သွားရောက်စစ်ဆေးသည်။
Dec 22, 2023
လူထုပါတီ (The Party for People) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု