Dec 24, 2023
ယခုကဲ့သို့သော ခရစ္စမတ်အခါသမယသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် အေးချမ်းသာယာမှုနှင့်အတူ ပျော်ရွှင်မှုများ၊ လူသားအချင်းချင်း အပြန်အလှန်မေတ္တာတရားပြသမှုများဖြင့် မကြာမီကျရောက် လာမည့် နှစ်သစ်ကူးကာလအထိ စိတ်နှလုံးချမ်းမြေ့ကြည်နူးဖွယ်တို့ကို ဖြတ်သန်းကြချိန်ဖြစ်သည်။ စစ်ပူနေသည့်နိုင်ငံများ၊ မငြိမ်းချမ်းသည့် အရပ်ဒေသများတွင်မူ ယင်းသို့သော ချမ်းမြေ့ကြည်နူး ဖွယ်ရာများနှင့် ဆန့်ကျင်စွာတုန်လှုပ်ချောက်ချားမှု၊ စိုးရိမ်ထိတ်လန့်မှုနှင့် အကြောက်တရားတို့ကသာ လွှမ်းမိုးနေမည် ဖြစ်သည်။
Dec 23, 2023
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်တို့က စုပေါင်းကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Dec 23, 2023
(၇၆) နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ယနေ့တွင် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ အား ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချူပ်ကြီးစိုးမင်းဦးက လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Dec 23, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Dec 23, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Dec 23, 2023
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
Dec 23, 2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဟိန္နားကျေးရွာအနီးရှိ ဥယျာဉ်ခြံလုပ်သား အမျိုသား ၅ ဦးကို လာရောက်ဖမ်းဆီးသွားသည် ဟု Than Lwin Times လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 23, 2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့တွင် ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများနှင့် ပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲမှုများကို ဖော်ပြအပ်ပါသည်-
Dec 23, 2023
မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေကျပ် သိန်း ၁ဝဝ ၊ ပြန်ကြားရေးဝန်ကြီးဌာနက အလှူငွေကျပ် ၂၅ သိန်း၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီနှင့် Nation Light ကုမ္ပဏီလီမိတက်တို့က ငွေကျပ် ၁၀ သိန်းစီ၊ သံအမတ် ကြီးဒေါက်တာလှမောင် (ဖောင်ဒေးရှင်း) က ငွေကျပ် ၇ဝဝဝဝဝ နှင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ ကျန်မာရေးစစ်ဆေးခွင့်ကတ်အခု ၂၀၊ အမျိုးသားစာပေတစ်သက်တာဆုရ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) + ဒေါ်ခင်အေးမူမိသားစုက ငွေကျပ်နှစ်သိန်း၊ ဆရာမကြီးဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်) သား-ထင်လင်းကျော်၊ သမီး-နန့်ချစ်ကြည်နှင့် ဦးဇော်အောင်ချို (မိုးစွန်ကြယ်စာပေ) တို့က ငွေကျပ် တစ်သိန်းစီ၊ ဦးအောင်သန်းဦး (ပုသိမ်အောင်သန်းဦး) -ယဉ်မွှေးပန်း (ဟဲဟိုး) ၊ ဦးနိုင်လင်းထွန်း- စာရေးဆရာမ မြတ်နိုးရှင်း၊ ဒေါက်တာ သိန်းဝင်း (မြသာဝင်း) ၊ ဆရာရေနံ့သာမောင်ကျော်ညွန့်၊ အလုံမြို့နယ် စာရေးဆရာအသင်း၊ ဟင်္သာတမြို့နယ်စာရေးဆရာအသင်းနှင့် ရေကြည်မြို့နယ်စာရေးဆရာအသင်းတို့က ငွေကျပ်ငါးသောင်းစီ၊ စမ်းချောင်းမြို့နယ်စာရေးဆရာအသင်းက ငွေကျပ်သုံးသောင်း၊ သဉ္ဇာလှိုင် (လားရှိုး) က ငွေကျပ်တစ်သောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) ၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ- ကြို့ပင်ကောက်) ၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဦးအောင် သန်းဦး (ပုသိမ်အောင်သန်းဦး) နှင့် ဦးအောင်ကြည် (အောင်ကြည်ညွန့် - တက္ကသိုလ်) တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
Dec 23, 2023
အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ကျင်းပသည်။
Dec 23, 2023
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စက်မှုဌာနခွဲမှ ဝန်ထမ်းများအတွက် Basic Course For Broadcast Engineering သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် (တပ်ကုန်း) ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Training Room ၌ ကျင်းပသည်။
Dec 23, 2023
ရေကြောင်းကဏ္ဍပြခန်းမှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ကနေ ပြခန်းပြကွက် အဓိကသုံးမျိုးခွဲပြီး ပြသထားပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၊ ရေကြောင်းပို့ဆောင်ရေးကဏ္ဍဆိုပြီး အားလုံးသုံးမျိုး ပြသထားပါတယ်။ ရေကြောင်းကဏ္ဍမှာ ဆိုရင် ဌာနကြီးခြောက်ခုဝင်ပြီး ပြသထားပါတယ်။ အဲဒီဌာနတွေကတော့ ရေအရင်းအမြစ်နှင့် မြစ် ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေကြောင်းညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်နဲ့ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်ကနေ တာဝန်ကျတဲ့အတွက် လာရောက်ရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူငယ်နှင့် စာပေပွဲတော် စတင်ကျင်းပကတည်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ပါဝင်ပြသခဲ့ပါတယ်။ ဒီနှစ်မှာတော့ လူငယ်တွေက သင်္ဘောကို ပိုပြီးစိတ်ဝင်စားမှု ရှိလာတယ်။ တက္ကသိုလ်တွေမှာလည်း ရေကြောင်းတက္ကသိုလ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်း ကောလိပ်တို့ကို တက်ရောက်ပြီး လူငယ်တွေအနေနဲ့ သင်္ဘောအရာရှိဖြစ်နိုင်မယ့် လမ်းကြောင်းတွေကို စိတ်ဝင်တစားမေးမြန်းကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကမ်းရိုးတန်းပိုင်နက်အနေနဲ့ မိုင် ၁၀၀၀ ကျော်ပိုင်ပါတယ်။ ရခိုင်ကနေ တနင်္သာရီအထိ ကမ်းရိုးတန်း မိုင်ထောင်ချီပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရေကြောင်းကဏ္ဍနဲ့ပတ်သက်ပြီး လုပ်ငန်းဆောင်တာတွေ အများကြီးရှိပါတယ်။ သင်္ဘောတည်ဆောက်ရေးအပိုင်း၊ ကမ်းရိုး တန်းမှာရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ နိုင်ငံအချင်းချင်း ကုန်စည်စီးဆင်းမှုတွေမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အများကြီးလုပ်နိုင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ရေကြောင်းအကျိုးစီးပွားလို့ပြောရင်လည်း ရပါတယ်။ အဲဒီရေကြောင်းအကျိုးစီးပွားကို လူငယ်တွေအနေနဲ့ စိတ်ဝင်စားလာမယ်၊ မြန်မာနိုင်ငံမှာ ကျွမ်းကျင် တဲ့ပညာရှင်တွေ အများကြီး ပေါ်ပေါက်လာမယ်ဆိုရင် ပြခန်းပြကွက်အနေနဲ့ လာရောက်ပြသရတာ ပင်ပန်းရကျိုးနပ်မယ်လို့ ထင်ပါတယ်။
Dec 23, 2023
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Royal Palace Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်သမားရေးရာဥပဒေများ အသိပညာပေးပွဲသို့ တက်ရောက်အမှာစကားပြောကြား သည်။
Dec 23, 2023
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း အမှတ်စဉ် (၄၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။
Dec 23, 2023
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
Dec 23, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 23, 2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
Dec 23, 2023
ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။
Dec 23, 2023
(၂၂) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
Dec 23, 2023
မူပိုင်ခွင့်ဦးစီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။