Dec 27, 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ် (Concession Agreement)ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပရာ မြန်မာအထူးစီးပ္ပားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Dec 27, 2023
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈)တို့မှ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများအား ဆေးဝန်ထမ်းတာဝန်ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဝင်းဗိုလ်နှင့် ကျောင်းဆင်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Dec 27, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Dec 27, 2023
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၊ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ်(၂၁)နှင့် အမျိုးသမီးသူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
Dec 27, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)ရှိ အထူးကုသမှုစင်တာသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား လိုက်လံကြည့်ရှုအားပေးစကားပြောကြားသည်။
Dec 27, 2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်သည်။
Dec 27, 2023
နတ်တော်လသည် စာဆိုတော်လဖြစ်သည်။ စာဆိုတော်များကို အလေးအမြတ်ပြု၍ စာဆိုသဘင်၊ စာဆိုဆုနှင်း၊ စာဆိုတော်ပူဇော်၊ စာဆိုတော်ဂုဏ်ပြုချီးမြှင့်စသည်ဖြင့် စာပေနှင့်ပတ်သက်၍ ထူးထူးကဲကဲဆောင်ရွက်ကြသော မွန်မြတ်သည့်ကာလဖြစ်သည်။ စာပေသည် မြတ်စွာဘုရားရှင်ဟောကြားခဲ့သော သုတ္တန်၊ ဒေသနာတရားမြတ်တို့မှ ဆင်းသက်ပေါက်ဖွားလာသော အမြုတေရတနာဖြစ်သည်။ ထို့ကြောင့် စာပေနှင့်စပ်လျဉ်း၍ ချီးကျူးဖွဲ့ဆိုရာ၌ ဓမ္မစာပေကို ဦးစွာဦးခိုက် အလေးအမြတ်ပြုရမည်ဖြစ်သည်။
Dec 27, 2023
သတင်းဟုဆိုသည်နှင့် မှန်ကန်တိကျရမည်၊ ဘက်မလိုက်ဘဲ မျှတရမည်ဟူသည့် အခြေခံကျင့်ဝတ်တို့ကို မီဒီယာအဖွဲ့အစည်းတိုင်းက အနိမ့်ဆုံးအားဖြင့် စောင့်ထိန်းကြရသည်။ အကယ်၍ မှန်ကန်မှုမရှိ၊ လွဲမှားနေသောအချက်အလက်များကို ဖော်ပြ၊ ထုတ်လွှင့်မိပါကလည်း အနီးဆုံးအချိန်တွင် ပြန်လည်ပြင်ဆင်ထုတ်ပြန်ပေးကြရသည်။ သတင်းဆိုသည်မှာ မီဒီယာတို့က ထုတ်ပြန်လိုက်ပြီးသည်နှင့် လူထုအတွင်းပျံ့နှံ့ရိုက်ခတ်မှုတို့ ဖြစ်ပေါ်စမြဲဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မီဒီယာတိုင်းက မိမိတို့သတင်းကြောင့် လူ့အဖွဲ့အစည်း၏ကောင်းကျိုးကို မဆောင်ကြဉ်းနိုင်သည့်တိုင် လူ့အဖွဲ့အစည်းထိခိုက်မှုမရှိစေရန်၊ ပျက်စီးရာ ပျက်စီးကြောင်းမဖြစ်စေရန် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရမြဲဖြစ်သည်။
Dec 26, 2023
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Dec 26, 2023
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက်နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုအား အကြမ်းဖက်သမားများမှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၈ ဦး ကျဆုံးခဲ့ကြောင်း Myaelatt Athan က သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 26, 2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူစက်သုံးဆီဆိုင်မန်နေဂျာကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများအား ထောက်ခံသည့် စာသားများရေးသားသည်ဟု အကြောင်းပြ၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ တောင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
Dec 26, 2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်ယာဉ်တန်းအား KNLA နဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ သပြေနီကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Than Lwin Times က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 26, 2023
မသမာသူများက သတင်းအချက်အလက်များကို ခိုးယူရန်ရည်ရွယ်၍ ပေးပို့နေသော အီးမေးလ် (Phishing Mail) များနှင့်ပတ်သက်၍ သတိပေးချက်တစ်ရပ်ကို မြန်မာနိုင်ငံ ကွန်ပျူတာ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (MMCERT) က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ထားသည်။
Dec 26, 2023
မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုသည် ယဉ်သည်၊ လှသည်၊ ရိုးရှင်းသည်၊ ကျက်သရေရှိ၍ ကမ္ဘာကပင် လေးစားအားကျ ဂုဏ်ယူလောက်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ ဖြစ်ပေသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများတွင်လည်း သူတို့ဓလေ့ယဉ်ကျေးမှုများနှင့် ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှုရှိကြသည်။
Dec 26, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မြို့တော် နေပြည်တော်တွင် “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့က သဒ္ဓါထက်သန်စွာဖြင့် စုပေါင်းပါဝင်လှူဒါန်းပူဇော် တည်ထားကိုးကွယ်ခဲ့ရာ စေတီတော်မြတ်ကြီး၏ ဖောင်းရစ်သုံးခုအနက် တတိယဖောင်းရစ်နှင့် ဒုတိယဖောင်းရစ်အား ရွှေစင်ရွှေပြားများ ကပ်လှူပူဇော်ခဲ့ပြီးဖြစ်ပါသည်။
Dec 26, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်မှ စီးပွားရေးဦးတည်ချက် သုံးရပ်အနက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ဟူ၍ မူဝါဒအနေဖြင့် ထုတ်ပြန်ထားပြီး အားပေးမြှင့်တင်လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့မှ “ရွှေယာမြေပဲဆီသန့်” ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင် ဦးရွှေဝင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Dec 26, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 26, 2023
အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Dec 26, 2023
PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရ အရေးယူခံရနိုင်သည်
Dec 26, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ ဒီဇင်ဘာ ၂၂ ရက်တွင် အေးရှားဝေါလ်ဆိပ်ကမ်း၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Fire Resistant Filing Cabinet ခြောက်လုံးအပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၁၀၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မှ ရန်ကုန်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် IK PLUS A4 စက္ကူ ကီလိုဂရမ် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Tractor Head တစ်စီး နှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၁၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။