Aug 23, 2020
၁။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 23, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၌ လေအေးပေးစက်ပါလေအိတ်တွဲဆိုင်းအသစ်များဖြင့် အမှတ် (၈၃) အဆန် လူစီးအမြန်ရထားနှင့် အမှတ် (၈၄) အစုန် လူစီးအမြန်ရထား စတင်ပြေးဆွဲပေးခြင်းအခမ်းအနားကို ယမန်နေ့ ည ၉ နာရီတွင် မော်လမြိုင်ဘူတာ အမှတ် (၁) စင်္ကြန်၌ ကျင်းပသည်။
Aug 23, 2020
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံ/စီးပွားဝန်ကြီး ဦးစိုးညွန့်လွင် နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်မှ မကွေးတိုင်းဒေသကြီးတာဝန်ခံ ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ရူပါဝင်းနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသူရစောသိန်းနှင့် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့အားကစားခန်းမ၌ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက မကွေးတိုင်းဒေသကြီးသို့ COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် နတ်မောက်မြို့ နယ်အတွင်းရှိ အခြေခံပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အလှူငွေများနှင့် ခိုင်းနွားများအတွက် အစာများထောက်ပံ့ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
Aug 23, 2020
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင်ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Aug 23, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိမြောက် လုပ်ကုန်း-ကရင်ချောင်မြစ်မခမြစ်ကူးတံတား ရံပုံငွေပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။
Aug 23, 2020
ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီအချိန်က သံတောင်မြို့ ပသိခန်းမတွင် ကျင်းပပြုလုပ်သည့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် များနှင့် အသက် ၂ နှစ်အောက် ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများနှင့် CERP အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 23, 2020
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများပိုမိုထိရောက်စေရန်အတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက အလှူငွေကျပ် သိန်း ၃၀၀ နှင့် အထောက်အကူပြုပစ္စည်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ယနေ့နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ကြောင်း သိရ သည်။
Aug 23, 2020
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်းခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 23, 2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ(ပြင်ဆင်သည့်ဥပဒေ ၂၀၁၈) နှစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော်မှုဆိုင်ရာ သုံးသပ်ဆွေးနွေးသည့်အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လတတိယပတ်က နေပြည်တော် ဟိုတယ်ဇုန် Hotel Max ၌ ပြုလုပ်သည်။