Aug 22, 2020
၁။ (၂၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 22, 2020
(၂၁)ရာစု ပင်လုံစတုတ္ထအစည်းအဝေး၏ ဩဂုတ် (၂၁) ရက်နေ့သည် မင်္ဂလာ ရှိသော နေ့တစ်နေ့ ဖြစ်သည်။ မင်္ဂလာရှိသည့်အပြင် မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ကောင်းသောနေ့လည်းဖြစ်သည်။ ထိုနေ့တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို သဘောတူနိုင်သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက် ဖွယ်ဖြစ်ရသည်။ ထိုနေ့သည် ၂ဝ၂ဝ ပြည့် အလွန်ကာလအတွက် လမ်းသစ်ဖောက်သောနေ့ ဖြစ်သည်။
Aug 22, 2020
ပြည်တွင်း၌ အချင်းချင်းကူးစက်ပြန့်ပွားမှု မရှိသည်မှာ တစ်လခန့် ကြာခဲ့သည့်နောက်တွင် ပြည်တွင်း ကူးစက်မှု စတင်တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါသည်။ စစ်တွေမြို့တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်၏။ ထိုသို့ စတင်တွေ့ရှိပြီး ငါးရက်ခန့်အကြာတွင် ရောဂါပိုးထပ်မံ တွေ့ရှိသူ လေးဆယ်ကျော် ရှိလာ သည့်အတွက် လွန်စွာဂရုထားနေထိုင်ရမည့် အခြေအနေဖြစ်ပါသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို ချုပ်ဆိုနိုင်ခဲ့သည်။
Aug 21, 2020
၁။ (၂၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 21, 2020
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
Aug 21, 2020
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကဝမြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။
Aug 21, 2020
ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထိုးနှံ ခြင်းလုပ်ငန်း ဗဟိုအဆင့် အသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2020
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော်၊ သတ္တသတ္တာဟစေတီတော်(သံဝေဇနိယလေးဌာန–ဖွား၊ ပွင့်၊ ဟော၊ စံ—)၌ ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Aug 21, 2020
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင် စကား ပြောကြားသည်။