သံတောင် သြဂုတ် ၂၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီအချိန်က သံတောင်မြို့ ပသိခန်းမတွင် ကျင်းပပြုလုပ်သည့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား MCCT အစီအစဉ်အရ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများနှင့် CERP အစီအစဉ်အရ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်(၂၁၂၈)ဦးနှင့် အသက် ၂ နှစ်အောက် ကလေးငယ်(၆၃၉၈)ဦး တို့အတွက် စုစုပေါင်းငွေကျပ်(၃၈၃၄၄၅၀၀၀)ကိုလည်းကောင်း၊ CERP အစီအစဉ်အရ မသန်စွမ်းသူ တစ်ဦးလျှင်(၃၀၀၀၀)ကျပ်ဖြင့် (၃၉၀)ဦးတို့အတွက် စုစုပေါင်းငွေကျပ်(၁၁၇၀၀၀၀၀)ကိုလည်ကောင်း ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်တို့က အခမ်းအနားသို့ တက်ရောက်လာသော ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေ များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)