Skip to main content

Oct 07, 2020

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ(၈)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုမည့် အက်စစ်ပုံးများ ဖျက်ဆီးခြင်းကို ယ‌နေ့ နံနက်(၁၁) နာရီက ခိုလမ်-ကျိုင်းတောင်းကားလမ်းမဘေးတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

အနာကြီးရောဂါ နာတာရှည်ဝေဒနာ ခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၇)ရက်နေ့ နေ့လည်(၁၂)နာရီက ခိုလန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Covid-19 ကော်မတီအဖွဲ့အား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း နှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် PPE ဝတ်စုံ၊ Mask၊ မျက်မှန်လက်အိတ်၊ Hand Gel တို့ကို ပေးအပ်ရာ ခိုလန်မြို့နယ် Covid-19 ကော်မတီ ဥက္ကဋ္ဌမှ လက်ခံရယူသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/ ၂၀၂၀)ကို ယမန်နေ့ မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည်အသွေးမြှင့်တင်ရေးစီမံချက်၏ ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် video conferencing ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းပု အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တော်သလင်း လပြည့်ကျော် (၈) ရက် (သောကြာနေ့)၊ နံနက် (၉) နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီး များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

(၆-၁၀-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၅၂) ဦး၏ မြို့နယ်အလိုက် တွေ့ရှိ ရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယ နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၅)ဦးအား Air India လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 07, 2020

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးခြင်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်နယ်၏ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အတွက် လွိုင်ကော်မြို့၊ အထက(၆)၌ ဖွင့်လှစ်ထားရှိသည့် ယာယီကုန်တင်ယာဉ် ရပ်နားစခန်းကို အထက(ခွဲ)ဝါရီကောခူကျောင်းဝန်းအတွင်း ပြောင်းရွေ့ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခေတ္တပြည်နယ်ဝန်ကြီးချုပ် ဦးဘော့စ်ကိုနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်