ခိုလမ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ(၇)ရက်နေ့ နေ့လည်(၁၂)နာရီက ခိုလမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Covid-19 ကော်မတီအဖွဲ့အား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း နှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် PPE ဝတ်စုံ၊ Mask၊ မျက်မှန်လက်အိတ်၊ Hand Gel တို့ကို ပေးအပ်ရာ ခိုလန်မြို့နယ် Covid-19 ကော်မတီ ဥက္ကဋ္ဌမှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ခိုလမ်မြို့ဝင်/မြို့ထွက်နှင့် နမ့်စန် မြို့ဝင်/မြို့ထွက်၊ လွိုင်လင်မြို့ဝင်/မြို့ထွက်တို့တွင် Covid-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်၌ တာဝန်ကျနေသော ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပရဟိတအဖွဲ့များအား ထောက်ပံ့ငွေ များပေးအပ်ခဲ့ပြီး လွိုင်လင် မြို့နယ်စည်ပင်သာယာရေးမှ ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ဝင်ရောက်ကြည့်ရှု ၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)