Skip to main content

ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ်သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနား ကျင်းပ

ထားဝယ် အောက်တိုဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသောကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန်တနင်္သာရီတိုင်းဒေသကြီးမှ တတိယအကြိမ် သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့မြို့တော်ခန်းမ၌ကျင်းပသည်

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင် က ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားဖြည့်ပါဝင်ကူညီဆောင်ရွက်နိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီးမှ တတိယအသုတ်အနေဖြင့်သွားရောက်မည့် သူနာပြုဆရာ /ဆရာမ များအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က အထူးပင်အသိအမှတ်ပြု ဂုဏ်ပြုပါ​ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရ၍ ပိုးတွေ့ရှိ သူ (၅၀၄၀၃)ဦး၊ သေဆုံးသူ(၁၁၉၉)ဦးရှိပြီးကိုဗစ်-၁၉ ဖြစ်ပွားမှုမှာ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကူးစက်ပျံ့နှံ့နေသော်လည်း ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှုနှုန်းမှာ တစ်ပြည်လုံး၏(၈၀%) ဝန်းကျင်၌ ဖြစ်ပွားမှုနှုန်းများပြားနေသည်အတွက် ကိုဗစ်-၁၉ ရောဂါကုသရေး စင်တာ များကို တိုးချဲ့ဖွင့်လှစ် လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ နှင့်မလုံလောက်သည့်အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများကို ခေါ်ယူတာဝန်ပေးအပ်ထမ်းဆောင်စေခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့သည်

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်း​ဒေသကြီး ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်ပါဝင် ကူညီမည့် ကျန်းမာရေးဝန်ထမ်း(၂၃)ဦးအား ဂုဏ်ပြု​ထောက်ပံ့​ငွေ (၁၁၅၀၀၀၀) (ဆယ့်တစ်သိန်းငါးသောင်း)ကျပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် သွားရောက် တာဝန် ထမ်းဆောင်နေသည့် တနင်္သာရီတိုင်းဒေသကြီးမှ ပထမအသုတ် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြု​ထောက်ပံ့​ငွေ(၁၀၀၀၀၀၀) (ဆယ်သိန်း) ကျပ် အား ပေးအပ်သည်

ဆက်လက်၍ ကိုဗစ်-၁၉ ထိန်းချုပ်​ကာကွယ်​ရေးလူထုအ​ခြေပြုအ​ထောက်အကူပြုအဖွဲ့မှ အတွင်း​ရေးမှူး ဦး​ကျော်​ကျော်ဦး က (၁၁၅၀၀၀၀) (ဆယ့်တစ်သိန်းငါးသောင်း)ကျပ်နှင့် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးကဂုဏ်ပြုထောက်ပံ့​​​ငွေ (၁၁၅၀၀၀)(တစ်သိန်းတစ်သောင်းငါးထောင်) ကျပ် အား ပေးအပ်ခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်(ပြန်/ဆက်)