Skip to main content

Nov 03, 2020

၁။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် ၆၀ နှစ် နှင့်အထက် အသက်အရွယ်ရှိ မဲဆန္ဒရှင်များထံမှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် သတ်မှတ်ချက်များနှင့် အညီ ကြိုတင်ဆန္ဒမဲများ ရယူလျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Chuan Leekpai က ဧပြီ ၂၄ ရက်တွင် နှာခေါင်းစည်း(Mask) (၂၀၀၀)ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Suchart Tonjaroen က ဇွန် ၂၆ ရက်တွင် နှာခေါင်းစည်း(Mask) (၆၀၀၀၀)နှင့် အောက်တိုဘာ ၂၉ ရက်တွင် နှာခေါင်းစည်း(Mask) (၃၀၀၀၀၀) တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက လက်ခံရယူခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်  ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ ဓာတ်အားခွဲရုံများအား  ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့နယ်ရှိ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ)ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၇နာရီက အဆိုပါတံတား​ပေါ် ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် တာဝန်ခံတို့သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိစ္စရပ်များနှင့် ပတ်သက်၍ ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ မလိခခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 03, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့်လမ်းညွှန်မှု၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်လျက်ရှိသည့် ကိုဗစ်-၁၉ လူနာများအား ကုသပေးမည့် ဧရာဝတီ စင်တာ(မန္တလေး) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လာရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်ဖတ်ရှုရန်