ရန်ကုန် ၊ နိုဝင်ဘာလ ၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းက မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ဖွင့်လှစ်ပေးကြသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ၃၃/၁၁ ကေဗွီ (၅)
အမ်ဗွီအေ ဓာတ်အားခွဲရုံများဖြစ်သည့် မှော်ဘီမြို့နယ် ၊ ရေကျော် ၊ ဝါးနက်ချောင်း နှင့် ထန်းတပင်မြို့နယ် ကျူတော၊တက်သစ်ကျွန်း ဓာတ်အားခွဲရုံ(၄)ရုံတို့အား ဝန်ကြီးချုပ် ၊ လွှတ်တော် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက စက်ခလုပ်နှိပ်၍ အမွှေးနံ့သာများပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ကြပြီး ခွဲရုံများအတွင်း ကြည့်ရူ့စစ်ဆေးခဲ့ကြသည်။
ထို့နောက်ထန်းတပင်မြို့နယ် ၊ ကျူတော ဓာတ်အားခွဲရုံတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ပူးပေါင်းပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း ၁၀၈၅ ရွာနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်တွင်၂၆၉ ရွာ ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဏာနှစ်တွင်
ကျေးရွာ ၄၉၆ ရွာ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၈၄ ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ခဲ့ကြောင်း ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် ကျန်ရှိသည့် ၃၅၅ ရွာကို လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင် ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်နေပြည်သူအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အားရရှိအောင်ဆောင် ရွက်နိုင်မည့်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးများတိုးတက်လာ နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန် - ပုသိမ်လမ်းမကြီးဘေး ရန်ကုန်တိုင်းဒေသကြီးဒေသကြီး လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ် ကိုဗစ် - ၁၉ ရောဂါစစ်ဆေးရေးစခန်းတွင် ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက် လိုက်များအား Rapid Test Kit ဖြင့် ကိုဗစ် - ရောဂါပိုး ရှိ / မရှိ စစ်ဆေးပေးနေမှုများကိုကြည့်ရူ့စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည့်များလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)