နေပြည်တော် နိုဝင်ဘာ ၃
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှ စ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ယခုအခါ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းကို ထုတ်လွှင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ သင်္ကန်းကျွန်းမြို့နယ်မှ ဦးချမ်းငြိမ်းအောင်နှင့် ဒေါ်ကြည်ပြာ တို့၏ ကိုဗစ်-၁၉ ရောဂါ ရင်ဆိုင်ကျော်လွှားခဲ့ရပုံများအကြောင်း ဆွေးနွေးခန်းအစီအစဉ်ကို ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်