Skip to main content

ကျိုက်မ​ရော၌ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ) အောင်မြင်စွာဖွင့်လှစ်

ကျိုက်မရော နိုဝင်ဘာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အတ္ထရံမြစ်ကူးတံတား(စံပယ်ဂူ)ဖွင့်ပွဲ အခမ်းအနားကို နေ့နံနက် ၇နာရီက အဆိုပါတံတားပေါ် ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကျိုက်မရောမြို့ဇေတဝန်ကျောင်းဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူကြပြီး သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ် ဝတ္ထုများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကတံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဆရာတော်များအား​ ​လျှောက်ထားတင်ပြကာရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တံတားကြီး၏ ကမ္ဗည်း​​မော်ကွန်းကျောက်စာတိုင်အား မွှေးနံ့သာရည်များ ပက်ဖျန်း​​ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ မှ တံတားကြီး​​ပေါ်မှ ဖြတ်သန်းကြည့်ရှု၍ တံတားကြီးအားဖွင့်လှစ်ပေးခဲ့သည်။

နေ့ဖွင့်လှစ်ခဲ့သော အတ္ထရံမြစ်ကူး(စံပယ်ဂူ) တံတားအမျိုးအစားမှာ သံမဏိသံပေါင်ဂုံးတံတား ဖြစ်ပြီးတံတား အရှည်မှာ ၆၄၄.၁မီတာ(၂၁၁၃ပေ၂လက်မ)၊တံတားအကျယ်၃၄ပေ၆လက်မ၊ ယာဉ်သွားလမ်း အကျယ် .၂၀မီတာ၊ (၂၃ပေ၇လက်မ)ရေလမ်းကင်းလွတ်အမြင့်မှာ ၁၄.၀၂မီတာ၊ (၄၆)​ပေရှိပြီး၊ တံတား တန်ဖိုးမှာ ကျပ်သန်းပေါင်း (၁၈၀၀၀)ဖြစ်၍ အဆိုပါ တံတားကြီးကို ၂၀၁၈ခုနှစ်၊ဒီဇင်ဘာ(၃၀) ရက်နေ့တွင် စီမံကိန်း စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ(၃)ရက်နေ့တွင်အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ တံတားကြီး​​ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် မွန်ပြည်နယ်ကျိုက်မရော မြို့နယ်အတွင်းရှိကျေးရွာပေါင်း (၁၅၈)ရွာ နှင့်ဒေသခံပြည်သူ နှစ်သိန်းကျော်တို့အား လူမှုစီးပွား​​ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ကာ လမ်းပန်းဆက်သွယ်ရေးများတိုးတက်ကောင်းမွန်လာခဲ့ပြီဖြစ်ဒေသခံပြည်သူလူထုများက ဂုဏ်ယူဝင့်ကြွားစွာ တံတားကြီးပေါ်မှ ဖြတ်သန်းသွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး ( ပြန်/ဆက်)