Skip to main content

ထိုင်းနိုင်ငံအောက်လွှတ်တော်မှ ပြည်သူ့လွှတ်တော်သို့ Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ပေးပို့လှူဒါန်း

 

နေပြည်တော်၊ နိုဝင်ဘာ ၃

Coronavirus Disease 2019 (Covid-19) ကာကွယ်ရေးတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ ထိုင်းနိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Chuan Leekpai က ဧပြီ ၂၄ ရက်တွင် နှာခေါင်းစည်း(Mask) (၂၀၀၀)ကိုလည်းကောင်း၊   ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Suchart Tonjaroen က ဇွန် ၂၆ ရက်တွင် နှာခေါင်းစည်း(Mask) (၆၀၀၀၀)နှင့် အောက်တိုဘာ ၂၉ ရက်တွင် နှာခေါင်းစည်း(Mask) (၃၀၀၀၀၀) တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်းက လက်ခံရယူခဲ့သည်။

အဆိုပါ လှူဒါန်းမှုများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ထိုင်းနိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌထံသို့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပြန်လည်ပေးပို့ခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)