Skip to main content

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၆-၂၀၂၀ အထိ လေးနှစ်ကျော်ကာလအတွင်း ပြည်သူ့ အကျိုးပြု မှတ်တိုင်များ

သတ္တုရေးရာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာ အုပ်စု၊ မရိုးကုန်းနှင့် ဖိုးပေါက်စု ကျေးရွာများ အတွင်း ဖြစ်ပေါ်ခဲ့သော မြေလွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှု သတင်းအပေါ် မြေလွှာအက်ကွဲ ကြောင်းများ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ပြီး မြေလွှာအက်ကွဲကြောင်းများ ကာကွယ်ထိန်းသိမ်းရန်နှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

(က) မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စု၊ မရိုးကုန်းနှင့် ဖိုးပေါက်စုကျေးရွာ များအတွင်း ဖြစ်ပေါ်ခဲ့သော မြေလွှာ အက်ကွဲကြောင်းများ ဖြစ်ပေါ်နေမှု သတင်းအပေါ် မြေလွှာ အက်ကွဲကြောင်းများ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ဘူမိဗေဒဆိုင်ရာ လေ့လာ တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့ အထိ ကွင်းဆင်း လုပ်ငန်းများ ဆောင်ရွက် နိုင်ခဲ့ပါသည်။

(ခ) မြန်မာနိုင်ငံအလယ်ပိုင်း ချိုင့်ဝှမ်းဒေသ (Central Myanmar Basin) ၏မြေနုလွင်ပြင် တစ်ခုဖြစ်သော မင်းဘူးမြေနုလွင်ပြင် (Minbu Basin) အတွင်း တည်ရှိပြီး ၁:၅၀၀၀၀ စကေး မြေပုံအမှတ် UTM Map No.2094/15 အတွင်း ကျရောက်ပြီး ဘူမိဗေဒဖြတ်ပိုင်းပုံအရ သက်တမ်းအောက်ခံကျောက် (Irrawaddy Formation- ဧရာဝတီကျောက်လွှာစု) များပေါ်တွင် လက်ရှိ ပို့ချဖြစ်ထွန်းဆဲဖြစ်သော Quaternary သက်တမ်းရှိ သက်နုနုန်းမြေ Aluvium ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့နိုင်ပါသည်။

(ဂ) မြေလွှာအက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သည့် မြေအမျိုးအစားမှာ သက်နုနုန်းမြေ၊ လယ်ယာ စိုက်ပျိုးမြေများဖြစ်ပြီး ထိုမြေ အမျိုးအစားတို့၏ရေအောင်းလွှာအပေါ်ဘက်ပိုင်းရှိ မြေသား များသည် ခြောက်သွေ့သော ရာသီများတွင် ကျစ်လျစ်သိပ်သည်းမှု အားကောင်းသော် လည်း ရေနှင့်ထိတွေ့လျှင် ၎င်းတို့၏ သိပ်သည်း ကျစ်လျစ်မှုအားမှာ အလျင်အမြန် လျော့ကျ သွားတတ် သည့် သဘောသဘာဝရှိခြင်းကြောင့် ကွင်းဆင်းဒေသတွင်းဖြစ်ပေါ်ခဲ့သော မြေလွှာအက်ကွဲကြောင်းများဖြစ်ရသည့် အဓိကအကြောင်းရင်း ဖြစ်ပါ သည်။

(ဃ) ဂတ်ကုန်း၊ မရိုးကုန်းနှင့် ဖိုးပေါက်စု

ကျေးရွာများသည် မုန်းချောင်းနှင့် အလွန်နီးကပ်စွာ တည်ရှိနေပြီး ချောင်းရေတိုက်စားမှုကို နှစ်စဉ် ခံစား နေရသော ကျေးရွာများဖြစ်သည့်အပြင် နှစ်စဉ် ပြောင်းရွှေ့နေထိုင်ရပြီး ပြောင်းရွှေ့ နေထိုင်ရာ နေရာသစ်များ တွင် သောက်သုံးရေ တူးဖော်ထုတ်ယူသုံးစွဲမှုသည် လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း များပြားလာခဲ့၍ မြေအောက်ရေကို တူးဖော်ထုတ်ယူသုံးစွဲမှုစနစ် မမှန်ကန်ခြင်းနှင့် အလွန်အမင်း ထုတ်ယူသုံးစွဲမှု မြင့်တက် လာခဲ့ခြင်းကြောင့် မြေအောက်ရေပြင် နိမ့်ကျသွားသည့် ထိုအခြေအနေမျိုးတွင် ရုတ်တရက် မိုးသည်းထန်စွာရွာ သွန်းလိုက်သော အခါ မြေလွှာအက်ကွဲ ကြောင်းများ ရုတ်ခြည်း ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)