မန္တလေး၊ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အခမဲ့ဖျားနာရောဂါကုသရေးဆေးခန်း (Fever Clinic) အသစ်ကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှု ကူညီရေးအသင်း ( မန္တလေး ) ဝင်းအတွင်း ဖွင့်လှစ်ခဲ့သည်။
ယင်းဆေးခန်းကို မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဆေးခန်းတွင် စေတနာ့ဆရာဝန် ၁ဝ ဦး၊ စေတနာ့ဝန်ထမ်းသူနာပြုဆရာမ ၂ ဦး၊ အခြား Volunteerများ စီစဉ်ထားပြီး ယင်းစေတနာ့ဝန်ထမ်း ဆရာဝန်အများစုမှာ Swab သင်တန်းကို တက်ပြီးသော ဆရာဝန်များဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့မှာ ဖျားနာကုသရေးဆေးခန်းများကို ချမ်းမြသာစည်မြို့နယ်၊ ၁၀၇ လမ်း၊ ၅၅ လမ်းနဲ့ ၅၆ လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲမှာ ဖျားနာကုသရေး ဆေးခန်း (၁) ကို ဖွင့်ထားပြီး အောင်မြေသာစံမြို့နယ် ၁၂ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ အောင်မြေ သာစံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင်လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိပ်ထားနိုင်