Skip to main content

Nov 28, 2020

ကမ္ဘာတစ်ဝန်း၌ ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည်မှာ တစ်နှစ်ပတ်လည်ပင် ပြည့်တော့မည်ဖြစ်သည်။ တစ်နှစ်တာကာလ ယနေ့အချိန်အထိ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသည့် ကမ္ဘာ့ပြည်သူသန်းပေါင်း ၆၀ ကျော်ရှိပြီး သေဆုံးသူပြည်သူ တစ်သန်းခွဲခန့်အထိ ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ပြည်သူအားလုံး ကိုဗစ် - ၁၉ ရောဂါအဆုံးသတ် မည့် ကာလသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေဟု မျှော်လင့်ဆုတောင်းနေကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ဂျပန်နိုင်ငံ အစိုးရအထောက်အပံ့ဖြင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော မကွေးပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ် ရောဂါနှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

(၂၆-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၁၉၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၂၈) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ကုလသမဂ္ဂဖွဲ့စည်းတည်ထောင်သည့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် (UN75) Logo ပါ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၁) မျိုးအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက် လုပ်ငန်းမှ ဒီဇင်ဘာ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၂) ရက် (အင်္ဂါနေ့)၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020


(၂၆-၁၁-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၆၃၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့ ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များသို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေနှင့် ခရီးသွားမှတ်တမ်းရယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေ(၅၀၀၀၀၀) (ကျပ်ငါးသိန်းတိတိ) အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်းအတွင်း ၂၀၂၀ပြည့်နှစ် ကိုဗစ် - ၁၉ ကာလ အစီအစဉ်၏ထောက်ပံ့မူဖြင့် စိုက်ပျိုးခဲ့သော မျိုးစေ့ထုတ်စိုက်ခင်းများမှ ထုတ်လုပ်သော မျိုးစေ့များအား အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်းနှင့် မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ခြင်း လုပ်ငန်းများကြည့်ရူခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဇလွန်မြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်၌ တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2020

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ မဲလံကျေးရွာရှိ မဲလံ ၃၃ ကေဗွီဓါတ်အားလိုင်း (၇ဒသမ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲခန့်က အဆိုပါဓါတ်အားခွဲရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်