Skip to main content

ဘားအံမြို့နယ် မဲလံကျေးရွာရှိ မဲလံ ၃၃ ကေဗွီဓါတ်အားလိုင်း(၇ဒသမ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ ၅ အမ်ဗွီအေခွဲရုံ ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ မဲလံကျေးရွာရှိ မဲလံ ၃၃ ကေဗွီဓါတ်အားလိုင်း (၇ဒသမ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ အမ်ဗွီအေခွဲရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက် နာရီခွဲခန့်က အဆိုပါဓါတ်အားခွဲရုံ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင် က ဓါတ်အားလိုင်းနှင့် ခွဲရုံတည်ဆောက်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ တာဝန်ယူ တည်ဆောက်သည့် သုဟန်စည် ကုမ္ပဏီမှ Managing Director က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ()မှ  ပဒိုစောကိုလေးက အမှာစကား ပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင် စကားပြောကြားကာ သုဟန်စည်ကုမ္ပဏီမှ Managing Director က တက်ရောက်လာသူများ အား မဲလံခွဲရုံဖွင့် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ဓါတ်အားလိုင်းနှင့်ခွဲရုံအားအောင် မြင်စွာ တည်ဆောက်နိုင်ခြင်းအတွက် သုဟန်စည်ကုမ္ပဏီသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်နှင့် သုဟန်စည် ကုမ္ပဏီမှ Managing Director တို့က မဲလံဓါတ်အားလိုင်းနှင့် ခွဲရုံသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဓါတ်အားခွဲရုံဖွင့်ပွဲဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွေးနံ့သာရည်များ ပတ်ဖြန်းပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဲလံဓါတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့် မဲလံ ၃၃ ကေဗွီဓါတ်အားလိုင်း(၇ဒသမ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ အမ်ဗွီအေခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက်လျာထား ဆောင်ရွက်ခဲ့ပြီး  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဓါတ်အားစတင်လက်ခံခဲ့ကာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဝတ်ကြီးနှင့် ထုံးတောင်ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးခဲ့ပြီဖြစ်သည်။

မဲလံ ၃၃ ကေဗွီဓါတ်အားလိုင်း (၇ဒသမ၃မိုင်)နှင့် ၃၃/၁၁ကေဗွီ၊ အမ်ဗွီအေခွဲရုံကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် နိုင်ငံတော် ဓါတ်အား စနစ်မှနေ၍ သံလွင်မြစ်အနောက်ဘက်ခြမ်းဒေသ ဖြစ်သော မဲလံကျေးရွာအပါအဝင် တကောင်ဘိုး၊ ဝတ်ကြီး၊ အီဟယ်၊ ကျုံမသွယ် ကျေးရွာအုပ်စုများမှ ကျေးရွာစုစုပေါင်း ၂၃ ရွာ လျှပ်စစ်မီးရရှိခံစားကြရတော့မည် ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)