Skip to main content

Nov 29, 2020

တပ်ကုန်း မြို့နယ်ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် 9A/6861 Dyna ယာဉ်မှ ယာဉ်မောင်း ဦးစိန်ဝင်းထွန်း၊ စည်ပင်တဘက္ကာကျေးရွာ ရမည်းသင်း မြို့နယ်နေသူနှင့် 8M/7441 Canter ခြောက်ဘီးယာဉ်မှ ယာဉ်မောင်း/ ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့်၊ ရှမ်းပွဲ ရပ်ကွက် ပျော်ဘွယ်မြို့နေသူတို့အားပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော RDT စစ်ဆေးချက်လက်မှတ် ကို မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးမှ ပျော်ဘွယ်မြို့နယ် ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့ တိုက်ဆိုင်စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက် လက်မှတ်မှာ အတုဖြစ်သည်ဟုသိရကြောင်း။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် ကနဦး ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး)ရုံးများ၏ ကနဦးမှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက် (အင်္ဂါနေ့)မှစတင်၍ ပြန်လည်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၇၄ ဦးအား ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးက စီစဉ်သည့် (၃၄)ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်း(MAI) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

မြန်မာတို့၏ ၁၂ လရာသီတွင် တန်ဆောင်မုန်းလသည် ရာသီကူးပြောင်းစ ဆောင်းကာလဖြစ်သည်။ ယခင်က အလွန်ချမ်းအေးသောရာသီ၊ ယခုဆောင်း ဟူ၍သာ ဆိုလောက်သောရာသီဖြစ်သည်။ ကောင်းကင်၌ တိမ်လွှာကင်းစင် ပြီး ပတ်ဝန်းကျင်တစ်ခွင် ပန်းပေါင်းစုံလင် ဖူးပွင့်ဝေဆာသဖြင့် သာယာလှပ သည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား မိုးသားကြည်လင် နက္ခတ်စုံလင် တောက်ပသည်။ ။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2020

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ၂၄ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးသူ ၁၇၉၂၄ ဦးအနက် ရောဂါပိုးရှိကြောင်း တွေ့ရှိ သည့် ဓာတ်ခွဲအတည်ပြုလူနာ ၁၃၄၄ ဦးရှိ၏။ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါကြောင့် တိမ်းပါးဆုံးရှုံးရသူ ၂၂ ဦးရှိ၏။ ကိုဗစ်စတင်ဝင်ရောက်ချိန်ကစ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း မှာ ရှစ်သောင်းရှစ်ထောင်နီးပါး ရှိသည်။ ရောဂါပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရသူ ခြောက်သောင်းခုနစ်ထောင်ကျော် ရှိနေ သည်။ စစ်ဆေးသူဦးရေနှင့် ရောဂါပိုးတွေ့ရှိသည်ဟု ဓာတ်ခွဲ အတည်ပြုထားသူဦးရေအချိုးမှာ ရာခိုင်နှုန်းအားဖြင့် ၇ ဒသမ ၅ ရာခိုင်နှုန်းနီးပါးဖြစ်၏။ ထိုအချိုး ရာခိုင်နှုန်း ၅ရာခိုင်နှုန်းအောက် သို့ရောက်အောင် အားလုံးသော ကျန်းမာရေးဝန်ထမ်းများက ကြိုးပမ်းနေကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထွေထွေအနေ အထားကို ဆန်းစစ်ပြီး ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် လုံးဝကင်းရှင်းရန်ကို အစွမ်းကုန်ကြိုးပမ်းနေကြခြင်းဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှု အခြေအနေနှင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ရောဂါဖြစ်ပွားမှုများသော မြို့နယ်များ အားလုံး၌ ဆောင်ရွက်နေသော ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှား စီမံချက် ဆောင်ရွက်နေမှုများအား အသေးစိတ် တင်ပြဆွေးနွေးခြင်း အစည်းအဝေးကို ယမန်နေ့ က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် ကိုဗစ်-၁၉အပေါ်မြန်မာနိုင်ငံ တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပရာ ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးကိုကို (စက်မှု တက္ကသိုလ်)နှင့် ဒေါ်နန်းကလျာဝင်း၊ အတွင်းရေးမှူး ဦးမင်းဆွေလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟောပြောဆွေးနွေးသူများနှင့် ဧည့်ပရိသတ်များက အွန်လိုင်း ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပိန်းကန်ဓာတ်အား ခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ စီစဉ် ကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်း များနှင့် ကိုဗစ်−၁၉ အပေါ် မြန်မာနိုင်ငံ ၏တုံ့ပြန်မှု” ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က တက်ရောက်၍ အမှာ စကားများ ပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2020

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း/ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် သာယာဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးသို့ ယနေ့၁၀ နာရီခွဲက ရောက်ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်