Dec 03, 2020
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများအား ပြည်နယ်အစိုးရအနေဖြင့် ထိရောက် စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြေပြင်တွင် ဆောင်ရွက်နေရသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်း များအား ညွှန်ကြားချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်ချက်မရှိစေရေးနှင့် အဆင်ပြေ ချော့မွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ထိထိရောက်ရောက် စိစစ် ဆောင်ရွက်နိုင်ရေး၊ တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လိုအပ်သည်များကို အချိန်နှင့် တစ်ပြေး ညီ ဖြည့်ဆည်းပေးနိုင်ရန်နှင့် လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့က ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒီးမော့ဆိုမြို့နယ်ရှိ မြို့နယ် အဝင်/အထွက် ဂိတ်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
Dec 03, 2020
မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှုတွင် အဓိကအရေးပါသည့် အခန်းကဏ္ဍမှာ ပါဝင်နေသည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ် အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေး မည့် ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
Dec 03, 2020
မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ အတည်ပြုရေးဆွဲနိုင်ရေး ညှိနှိုင်း အစည်း အဝေး ကို ယနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးရှိ အစည်း အဝေး ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
Dec 03, 2020
ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးသည်ဆိုခြင်းကို အများအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ထင်သာမြင်သာ ပေါ်ထွန်းလာသည်တို့ကိုကြည့်၍ ဆုံးဖြတ်ပြောဆိုလေ့ရှိသည်။ အထူးသဖြင့် အဆောက်အအုံ များ၊ လမ်းများ၊ တံတားများ မည်ရွေ့မည်မျှ အသစ်များပေါ်လာသည်။ မည်သို့မည်ပုံ မြင့်မြင့် မားမားတို့ ထိုးထွက်လာသည် စသည်ဖြင့်။
Dec 03, 2020
မျက်မှောက်ကာလ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှု၊ ဆုတ်ယုတ်မှုများသည် နိုင်ငံများရှိ ပြည်သူများ၏ ဉာဏ်ရည်၊ နှလုံးရည်တွေးခေါ်မြော်မြင် ဆင်ခြင်နိုင်မှုစွမ်းအား၊ စည်းလုံး ညီညွတ်မှုနှင့် ဇွဲ၊ လုံ့လအားထုတ်နိုင်မှု အနည်း၊ အများအပေါ်တွင် မူတည်ပေသည်။ တိုးတက်သောနိုင်ငံများရှိ ပြည်သူများတွင် အဆိုပါအရည်အချင်းများ များများစားစားရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
Dec 02, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် EU , GIZ တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MYSAP) အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ စတုတ္ထ အကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 02, 2020
ဆွစ်ဇာလန်နိုင်ငံအစိုးရ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီနှင့် ရှမ်းပြည်နယ်၊ တောင်ပိုင်းတွင် အကောင်အထည် ဖော်လျက်ရှိသော သစ်သီးဝလံထုတ်လုပ်မှု စွမ်းရည်မြှင့်တင်ရေးနှင့် တာဝန်ယူမှုရှိသော ခရီးသွားလုပ်ငန်းတို့ အကြား ချိတ်ဆက်လုပ်ကိုင်မှု ဖွံ့ဖြိုးရေးစီမံကိန်း၏ တတိယအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီ (Project Steering Committee-PSC) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက Virtual စနစ်ဖြင့်ကျင်းပသည်။
Dec 02, 2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ စာတမ်းဖတ်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဉီးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ခရိုင် ဦးစီးမှူးများက Zoom Application ဖြင့် ပါဝင် တက်ရောက်ကြသည်။
Dec 02, 2020
နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ဗွီဒီယိုကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 02, 2020
(၁-၁၁-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၉,၆၈၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၁၁) ဦး တွေ့ရှိရပါသည်။