Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရမ်းမြို့နယ် ပိန်းကန်ဓါတ်အားခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ဖွင့်လှစ်

ရန်ကုန် နိုဝင်ဘာ ၂၈

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော်ဆောင် ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပိန်းကန်ဓာတ်အား ခွဲရုံနှင့် ဇွဲပလိုင်ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဓာတ်အားခွဲရုံများ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးသည်။

ရှေးဦးစွာ ခရမ်းမြို့နယ် 33/11kV,5MVA  ပိန်းကန်ဓာတ်အား ခွဲရုံ  ကမ္ဗည်းကျောက်စာ မော်ကွန်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမင်းတို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက် ဇွဲပလိုင် 33/11 kv, 10 MVA ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ဆက် လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေအသုံးပြု၍ တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ဓာတ်အားခွဲရုံ (၁၃)ရုံ တည်ဆောက်ခဲ့ပြီး မြောက်ပိုင်းခရိုင်အတွင်း   33/11 kV, 5 MVA ဓာတ်အားခွဲရုံ (၆) ရုံ ဖြစ်သည့် မှော်ဘီမြို့နယ် ရေကျော်နှင့် ဝါးနက်ချောင်း၊  ထန်းတပင်မြို့နယ်  ကျူတောနှင့် တက်သစ်ကျွန်း ၊  တိုက်ကြီးမြို့နယ်  ဂျိုးဖြူနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံများကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တောင်ပိုင်း ခရိုင်တွင် ခွဲရုံ (၇)ရုံတည် ဆောက်နိုင်ခဲ့ပြီး  တွံ့တေးမြို့နယ် ခလုပ်၊ ကော့မှူးမြို့နယ် ညောင်ကုန်း ၊ သုံးခွမြို့နယ် ဒေါင့်ကြီး၊ ယခု ခရမ်းမြို့နယ် ပိန်းကန်နှင့်  ဇွဲပလိုင် ဓာတ်အားခွဲရုံတို့ကို ထပ်မံဖွင့်လှစ်ပေးခြင်း ဖြင့် ဓာတ်အားခွဲရုံ (၁၁) ရုံ ဖွင့်လှစ်ပြီး ကျန်ရှိသော (၂) ရုံ ကိုလည်း မကြာမီဖွင့်လှစ်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်နေပြည်သူများ  (၁၀၀) ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်ပြီး နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိရေးတို့ကို ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်းက ကျေးဇူးတင် စကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲပလိုင် 33/11 KV . 10.MVA  ဓာတ်အားခွဲရုံ၏ ကမ္ဗည်းကျောက်စာမော်ကွန်းကို  စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုကြသည်။

ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လှည်းကူးမြို့နယ်၊ ပြည်တော်သာ ရပ်ကွက်ရှိ ငြိမ်းချမ်းရေး ပန်းခြံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေး ကြသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)