နေပြည်တော် နိုဝင်ဘာလ ၂၈
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ စီစဉ် ကျင်းပသည့် “ဒစ်ဂျစ်တယ်ပလက်ဖောင်း များနှင့် ကိုဗစ်−၁၉ အပေါ် မြန်မာနိုင်ငံ ၏တုံ့ပြန်မှု” ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့က တက်ရောက်၍ အမှာ စကားများ ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဒစ်ဂျယ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး “ဒစ်ဂျစ်တယ်ပလက်ဖောင်း များနှင့် ကိုဗစ်−၁၉ အပေါ် မြန်မာနိုင်ငံ ၏တုံ့ပြန်မှု”ခေါင်းစဉ်ဖြင့် ဦးချစ်ထွန်းဖေ ( MD Digtial, AYA Bank)၊ ဒေါက်တာထွန်းသူရသက် (ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာကွန်ပျူတာအသင်းချုပ်)၊ ဒေါက်တာစိန်ဖြိုးလှိုင် နှင့် ဆရာမလွန်ထားထား (ဆေးတက္ကသိုလ်) တို့က စကားဝိုင်း ပြုလုပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီး အကဲများ၊ သတင်းမီဒီယာသမားများနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၉၄) ဦး တို့က online မှ ချိတ်ဆက်ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
MOI