Skip to main content

Jan 27, 2021

ပြည်‌ထောင်စုနယ်မြေ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီဌာနတွင် နွေရာသီ ဆည်ရေရရှိမှုအခက်အခဲဖြစ်နေ၍ တစ်နှစ်ပတ်လုံး ဆည်ရေရရှိနိုင်ရေးအတွက် ရေမော်တာ ထားရှိမည့်နေရာ၊ ရေပိုက်လိုင်းသွယ်တန်းမည့်နေရာနှင့် လျှပ်စစ်သွယ်တန်းမည့် နေရာတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီတွင် သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ပုပ္ပါးဒေသအား အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ကို ညှိနှိုင်းဆွေးနွေးရန်နှင့် အမျိုးသားအဆင့် ဘူမိဥယျာဉ် အဆိုပြုလွှာ(မူကြမ်း) ပြုစုထားမှုအခြေအနေများကို ဆွေးနွေးတင်ပြရန် ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

(၂၃-၃-၂၀၂၀) ရက်နေ့မှ (၂၆-၁-၂၀၂၁) ရက်နေ့အထိ တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၁၃၈,၃၆၈) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ လိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက မုံရွာမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် အား/ကာသိပ္ပံကျောင်းရှိ အမျိုးသား/ အမျိုးသမီးဆောင်တို့တွင် Positive လူနာထားရှိရန် စစ်ကိုင်းတိုင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ လှူဒါန်းမှုဖြင့် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ နန္ဒဝန် အိမ်ရာစခန်းရှိ Quarantine Center ၊ စီးပွားရေးတက္ကသိုလ် Quarantine Center ၊ ဒေါနခြံရပ်ကွက်ရှိ Quarantine Center များနှင့် မုံရွာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တို့အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး စားသောက်ဖွယ်ရာမျိုးစုံတို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား စတင် ထိုးနှံခြင်းကို သူနာပြု သင်တန်း ကျောင်း ခန်းမတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံ များတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၄၁) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ဆန်စပါးသုတေသနအဖွဲ့ World Fish၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းခွင်သို့ ယနေ့တွင် မအူပင်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးသာအေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေး၍ ကန်တူးဖော်ခြင်း ပုံစံ၊ ငါး ထည့်သွင်းရန်အတွက် ရေအရည်အသွေးပြုပြင်မှုများ၊ ထည့်သွင်းလိုသည့် ငါးအမျိုးအစားနှင့် အကောင်ရေတို့ကို ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

ဦးစိုင်းမျိုးဝင်း(EFD Group) မှ ကိုဗစ်- ၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကို ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2021

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံခြင်း အခမ်းအနားကို လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ သူနာပြုသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက် (၈)နာရီ အချိန် က ကျင်းပဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်