Jan 28, 2021
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဦးစီး ဌာနမှ တည်ဆောက်ထားသော နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ အဆိုပါ အိမ်ရာဝင်းအတွင်း၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jan 28, 2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း က အဆိုပါရုံး၌ ကျင်းပ ပြုလုပ်ခဲ့ သည်။
Jan 28, 2021
မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့်၊ နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်အဖြစ် ဖွင့်လှစ်သည့် (KB Kookmin Bank) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte Hotel ၌ ကျင်းပသည်။
Jan 28, 2021
ကယားပြည်နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
Jan 28, 2021
စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူအသုံးပြု စိုက်ပျိုးရေးသုတေသန ဖွံ့ဖြိုးတိုးတက်ရေး တတိယအကြိမ်မြောက် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28, 2021
တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်း အမှတ်(၂)တွင် တတိယအကြိမ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Jan 28, 2021
နေပြည်တော်ရှိ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၃၈၀၀ ကျော်အား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD စတင် ထိုးနှံခြင်းလုပ်ငန်းစဉ်ကို ယနေ့နံနက် ပိုင်းတွင် စတင်ဆောင်ရွက်သည်။
Jan 28, 2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမဦးဆုံး စတင်ထိုးနှံမှု အစီအစဉ် စတင်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံသူ နိုင်ငံသားများအတွက်ပါ ဝမ်းမြောက်ဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသော အချိန်ကာလ၊ မင်္ဂလာရှိသောကာလဟု ဆိုရမည်ဖြစ်သည်။
Jan 28, 2021
ဗြိတိသျှကိုလိုနီလက်အောက်က မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အင်္ဂလိပ်အစိုးရက ပြည်မနှင့် တောင်တန်းသားများကို ခွဲခြားကာ လွတ်လပ်ရေးပေးရန် ကြိုးစားခဲ့ဖူးသည်။ နောက်ဆုံး ၁၉၄၇ ခုနှစ် ဇန်နဝါရီတွင် လန်ဒန်၌ လက်မှတ် ရေးထိုးခဲ့သော အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရာတွင် အချက်တစ်ချက်အနေဖြင့် ထည့်ဆိုသဘောတူခဲ့ရသည်။ “ပင်လုံအစည်းအဝေး သို့မဟုတ် အထူးကွန်ဖရင့်ပြီးဆုံးသည့်အခါ ဗြိတိသျှအစိုးရနှင့် မြန်မာနိုင်ငံ အစိုးရတို့သည် နယ်ခြားဒေသ လူထု၏ဆန္ဒနှင့် လိုက်လျောညီစွာ အကျိုးတူ ရည်မှန်းချက် များကို ဖြည့်စွမ်းရန် အကောင်းဆုံးစနစ်နှင့် ပတ်သက်၍ သဘောတူရယူ လိမ့်မည်ဖြစ်သည်” ဟူ၏။ ။
Jan 27, 2021
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။