Skip to main content

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေး

လသာ ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို လသာ မြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား စတင် ထိုးနှံခြင်းကို သူနာပြုသင်တန်းကျောင်းခန်းမတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။

ကာကွယ်ဆေးထိုးနှံခြင်းသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး၊ ဦးနိုင်ငံလင်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မြင်မြင့်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး သတင်း မီဒီယာများမှလည်း တက်ရောက်၍ သတင်းရယူကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အပေါ် ဝမ်းမြာက်စကား ပြောကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးရာ အသက် ၅၀ ကျော်အရွယ် သူနာပြုအုပ်ကြီး ဆရာမကြီး ဒေါ်သက်သက်သိန်းသည် ပထမဦးစွာ ဆေးထိုးခံသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရောဂါဗေဒဌာန ပါမောက္ခ ဒေါက်တာ မျိုးသက်တင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အထူးကုဌာန၊ လက်ထောက်ဆရာဝန် ကြည်ငြိမ်းချမ်းကျော်၊ ရောဂါဗေဒ အထူးကုဆရာဝန်ကြီး ‌ပါမောက္ခ ဒေါက်တာ ဖေသက်ခင်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အနုဇီဝဗေဒဌာန အထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ညိုတို့အား ကာကွယ် ဆေး ထိုးနှံပေးနေမှုများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြ သည်။

ယနေ့ ထိုးနှံပေးသော ကာကွယ်ဆေးသည် အိန္ဒိအစိုးရမှ လှူဒါန်းသည့် Covishield ကိုဗစ်-၁၉ ကာကွယ်ဆေးဖြစ်ပြီး ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေး ဝန်ထမ်း အယောက်(၂၀၀)ကျော်ကို မြန်မာ့နိုင်ငံ၏ ပထမဦးစား ပေး အဖြစ် ကျန်းမာရေးဝန်ထမ်း များအား စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

လသာ ပြန်/ဆက်