ရန်ကုန် ဇန်နဝါရီ ၂၆
ဦးစိုင်းမျိုးဝင်း(EFD Group) မှ ကိုဗစ်- ၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ်သိန်းပေါင်း ၁၀၀၀၀ ကို ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လက်ခံသည်။
"နိုင်ငံတော်ရဲ့ ကျန်းမာရေး လိုအပ်နေချိန်မှာ ကျွန်တော်တို့ (EFD Group) အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့အတွက် ရန်ပုံငွေအဖြစ် ကျပ်သိန်းပေါင်းတစ်သောင်းကို လှူဒါန်း ခွင့်ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု EFD Group တည်ထောင်သူ ဦးစိုင်းမျိုးဝင်းက ပြောသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူငွေလှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဦးစိုင်းမျိုးဝင်းသည် နိုင်ငံတော်၏ ကိုဗစ် -၁၉ ကာကွယ်ဆေး ဝယ်ယူရေး လုပ်ငန်းတွင် အသုံးပြု ရန်အတွက် Excellent Fortune Development Group (EFD Group) မှ ငွေကျပ်သိန်း ၅ဝဝ၀ ကိုလည်းကောင်း၊ Farmers Development Public Bank မှ ငွေကျပ်သိန်း ၃ဝဝ၀ ကို လည်းကောင်း၊ Excellent Fortune Life Insurance မှ ငွေကျပ်သိန်း ၁ဝဝ၀ ကိုလည်း ကောင်း၊ Excellent Fortune General Insurance မှ ငွေကျပ်သိန်း ၁ဝဝ၀ ကို လည်းကောင်း စုစုပေါင်း ငွေကျပ် သိန်းပေါင်းတစ်သောင်းကို နိုင်ငံတော် သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်း
ထို့အပြင် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိုင်းမျိုးဝင်းနှင့် ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်း ခင်မြင့်ရီ မိသားစုသည် Excellent Fortune Foundation အမည်ဖြင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူထု အကျိုးပြုလုပ်ငန်းများအား စဉ်ဆက်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ပါဝင်လှူဒါန်းခြင်းများအပြင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza We Love Yangon Happy COVID Center ဆေးရုံကိုလည်း နိုင်ငံတော်သို့ လှူဒါန်းထားသူများဖြစ်သည်။
ရွှေအင်းသားခင်မောင်ဝင်း