Skip to main content

စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များတိုးချဲ့ဆောင်ရွက်

မအူပင် ဇန်နဝါရီ ၂၆

ဆန်စပါးသုတေသနအဖွဲ့ World Fish၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန်များ တိုးချဲ့တူးဖော်ခြင်း လုပ်ငန်းခွင်သို့ ယနေ့တွင် မအူပင်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးသာအေး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း၊ တလုပ်လှငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်းတို့ ပါဝင်သောအဖွဲ့က ကွင်းဆင်းစစ်ဆေး၍ ကန်တူးဖော်ခြင်း ပုံစံ၊ ငါး ထည့်သွင်းရန်အတွက် ရေအရည်အသွေးပြုပြင်မှုများ၊ ထည့်သွင်းလိုသည့် ငါးအမျိုးအစားနှင့် အကောင်ရေတို့ကို ဆွေးနွေးညှိနှိုင်းပေးခဲ့သည်။

မအူပင်မြို့နယ် လက်ခုပ်ကျေးရွာတွင် စပါး၊ ငါးသုတေသနနှင့် သရုပ်ပြကန် တစ်ကန်ကို တူးဖော်ဆောင်ရွက်လျက်ရှိပြီး တမံလေး၊ ရွှေတောင်မှော်၊ ညောင်ဝိုင်းကျေးရွာတို့တွင် တိုးချဲ့၍ စပါး၊ ငါးသုတေသနနှင့် ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်