Jan 29, 2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင်း၌ စတင် ထိုးနှံနေပြီဖြစ်သည်။ အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ပင် လက်ဝယ်ရရှိထားသော ကာကွယ်ဆေးနှင့် ထိုးနှံရန်လိုအပ်သည့် လူအရေအတွက် မမျှမတဖြစ်နေသည့်အတွက် မည်သို့သောသူများကို ပထမဆုံး စတင်ထိုးနှံမည် ထို့နောက် မည်သူတို့ကို ဆက်လက် ထိုးနှံမည် စသည့် ကာကွယ်ဆေးထိုးနှံရေး ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အကောင်အထည်ဖော်နေခြင်း ဖြစ်ပါသည်။
Jan 28, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28, 2021
(၂၇-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၈-၁-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၆,၃၇၈)ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၅၀) ဦး တွေ့ရှိရပါသည်။
Jan 28, 2021
မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း (Early Grade Mathematics Assessment and Reading Assessment – EGRA/EGMA) သုတေသန လုပ်ငန်း၏ တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြခြင်းလုပ်ငန်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Jan 28, 2021
အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAOs) မှ ကိုယ်စားလှယ်များ၏ အလွတ်သဘော ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jan 28, 2021
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက် လျက်ရှိရာ ဒီးမော့ဆိုမြို့နယ် ၊ ပူဖားကျေးရွာရှိ စာသင်ကျောင်းဆောင် ပြီးစီးအောင် ဆောင်ရွက်နိုင် ရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်ခေတ္တ ဝန်ကြီးချုပ် ရုံးခန်း၌ ပေးအပ်ခဲ့သည်။
Jan 28, 2021
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
Jan 28, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ပသိရေအား လျှပ်စစ်စက်ရုံ၊ အကြီးစားပြင်ဆင်ခြင်းနှင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Ever Source Power Co., Ltd တို့ B.O.T စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပပြလုပ်သည်။
Jan 28, 2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ(၂၈)ရက်နေ့က ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးအုပ်စု၊ ညောင်ပင်ကျေးရွာ အရှေ့ဘက်၊ ခါချဉ်ကုန်းတွင်တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်း ဟုယူဆရသော ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Jan 28, 2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍရေးနှစ်ပထမ(၃)ပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လအတွက် MCCT ထောက်ပံငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက လက္ခဏကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။