Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ကျွန်းလှမြို့နယ်၊ ညောင်ပင်ကျေးရွာ အရှေဘက်၊ ခါချဉ်ကုန်းတွင် တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်းဟုယူဆရသော ပစ္စည်းများအားကြည့်ရှုစစ်ဆေး

ကျွန်းလှ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်း‌ဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီ(၂၈)ရက်နေ့က ကျွန်းလှမြို့နယ်၊ မော်ကယ်ကျေးအုပ်စု၊ ညောင်ပင်ကျေးရွာ အ‌ရှေ့ဘက်၊ ခါချဉ်ကုန်းတွင်တွေ့ရှိရသည့် ရှေးဟောင်းပစ္စည်း ဟုယူဆရသော ပစ္စည်းများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးရာတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကခါချဉ်ကုန်းမှတွေ့ရှိ ရသည့် ပုတီးစေ့ဆိုက်စုံ(၄၃)စေ့၊ အသုံးဆောင်ပစ္စည်း(၁၂)ခု၊ အမဲစွပ်လှံ(၁)ခု၊ ဓါး(၆၂)ချောင်း ၊သံချောင်း (၁၂)ချောင်း၊ တူရွင်း(၁၀)ချောင်း၊ ရဲဒင်း(၂)ချောင်း၊ သံလျှက်လှံပုံသွား(၂၆)ချောင်း၊ လက်ကိုင်ကွင်းပါဓါး (၄)ချောင်း၊ ကတ်ကြေး တစ်ချောင်းတို့ကို ကြည့်ရှုပြီး စနစ်တကျ အပ်နှံသွားရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျွန်းလှမြို့နယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံး ပြုရန် PPEဝတ်စုံ၊ စွပ်ဘိနပ်၊ နှင့်မျက်မှန်အစုံ(၁၀၀) Mask(၄၀)ဘူး၊ Thermometer(၂)ခု၊ Surgical Gown(၁၀) ထည်၊ ပလပ်စတစ်အဖြူ(၁၀)ထည်၊ လက်အိတ်(၂)ဘူး၊ လက်ဆေးဆပ်ပြာ(၃)ခု၊ Hand Gel(၅)ဘူးတို့အား မင်းသား ဖိုးချစ်က လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)